Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်တပ်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေထွက်ပြေးနေရ

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

သြဂုတ်-၁၅၊ ၂၀၂၅။ ကျော်ဇော/People’s Spring

တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ စစ်ကောင်စီတပ်စစ်ကြောင်းတွေ ထိုးနေလို့ ကျေးရွာတွေက ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက People’s Spring ကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကျေးရွာတွေကို အင်အား ၂၀၀ခန့်ပါ ယာဥ်တန်းနဲ့ ဝင်ရောက်နေတာဖြစ်ပြီး ပကာရီ၊ ကျောက်မဲတောင်နဲ့ မေတ္တာမြို့ရွာဘက်တွေကို ဦးတည်ဝင်ရောက်နေတာလို့ သိရပါတယ်။

“မနေ့ကတည်းက ၀င်နေတာပဲဗျ။ မနေ့က တည်းက ပကာရီရွာကို ရောက်နေတာ။ ဒီနေ့ကပကာရီကနေ ကျောက်မဲတောင်၊ မေတ္တာဖက်ကိုဦးတည်ပြီး ယာဉ်တန်းနဲ့၀င်နေတယ်”လို့ ထားဝယ်ခရိုင် တပ်ပေါင်းစုမှ တာဝန်ရှိသူက People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တလားတူ တချိန်တည်းမှာပဲ အင်အား ၂၀၀လောက်ပါတဲ့စစ်ကောင်စီခြေလျင်စစ်ကြောင်းတစ်ခုဟာလည်း သရက်ချောင်းမြို့ပေါ်ကတဆင့် ရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေပြီး နေအိမ်တွေကိုဖောက်ထွင်းတဲ့အပြင် တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူနေတယ်လို့လည်း အဲဒီတာဝန်ရှိသူက ဆက်ပြောပါတယ်။

သရက်ချောင်းမြို့ပေါ်ကနေထိုးလာတဲ့ စစ်ကြောင်းဟာ ကဇိရွာ၊ ဥတ္တူရွာ၊ လောင်းမင်းဘရွာ၊ အင်းပြားရွာ၊ ကျောက်လှေကားရွာ စတဲ့ကျေးရွာတွေကို ဝင်ရောက်စစ်ကြောင်းထိုးနေတာလို့ သိရပါတယ်။

“အဲဒီကောင်တွေက ရွာတွေ၊ အိမ်တွေ မှာရှိတဲ့တန်ဖိုးရှိ ရွှေငွေတွေနဲ့ ဆိုင်ကယ်တွေ ယူသွားကြတယ်ဗျ”လို့ စစ်ကြောင်းဝင်မွှေတဲ့ ရွာတွေရဲအခြေအနေကို ထားဝယ်ခရိုင်တပ်ပေါင်းစု တာဝန်ရှိသူက ရှင်းပြပါတယ်။

အခုနောက်ပိုင်း စစ်ကောင်စီတပ်က ကျေးရွာတွေ စစ်ကြောင်းထိုးရာမှာ စစ်မှုထမ်းတပ်သားသစ်သင်တန်းဆင်းအများအပြားကို အင်အားဖြည့်တင်လာပြီး စစ်ကြောင်းမှာလည်း အင်အား ရာဂဏန်းအသုံးပြုလာနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)ထံ KTLA ရဲဘော် ၃၇ဦး အလင်းဝင်လာကြောင်း KNU မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်းမြိတ်-ထားဝယ်ခရိုင်၊ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ထားဝယ်-မြိတ် အမှတ်(၈)လမ်းမကြီးရှိ ဝင်း၀ စစ်တပ်စခန်းကို မနေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြိုနယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ် (GTC)ရှေ့က စစ်တပ်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးရုပ်သံကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ ထားဝယ်နည်းပညာတက္ကသိုလ်(GTC) ရှေ့မှာတပ်စွဲထားတဲ့ စစ်တပ်ကို မတ်လ၁ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၃ဦး သေဆုံးပြီး လက်နက် ၃လက်သိမ်းရခဲ့ကြောင်း ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)က သတင်းထုတ်ပြန်ပါတယ်။