Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံရဲ့ အနာဂတ် လုံခြုံရေး အာမခံချက်အတွက် တရုတ်ကို ယုံကြည် အပ်နှံမှာ မဟုတ်ဘူးလို့ ယူကရိန်း သမ္မတပြော

စစ်ပြီးကာလ ယူကရိန်းရဲ့ လုံခြုံရေး အာမခံချက်အတွက် ကူညီ စောင့်ရှောက်ပေးမယ့် နိုင်ငံတွေထဲမှာ တရုတ်ကို ထည့်သွင်းစေဖို့ ဆန္ဒမရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Reuters

စစ်ပြီးကာလ ယူကရိန်းရဲ့ လုံခြုံရေး အာမခံချက်အတွက် ကူညီ စောင့်ရှောက်ပေးမယ့် နိုင်ငံတွေထဲမှာ တရုတ်ကို ထည့်သွင်းစေဖို့ ဆန္ဒမရှိကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

ရုရှားနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ပွဲ ပြီးဆုံးသွားရင် နောက်ထပ် ကျူးကျော် စစ်ပြုမှုတစ်ခု မကြုံရလေအောင် ယူကရိန်းကို ဘယ်လို အကာအကွယ် ပေးမလဲ ဆိုတာကို အခုသီတင်းပတ် အစောပိုင်းတုန်းက အိမ်ဖြူတော်မှာ အမေရိကန် သမ္မတ ထရမ့်၊ ဥရောပခေါင်းဆောင်တွေနဲ့ ဇီလန်စကီးက တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ တရုတ်ကိုတော့ အဲဒီလို အာမခံချက်အတွက် ပါဝင်တာဝန်ယူပေးမယ့် နိုင်ငံတွေထဲမှာ မထည့်ဖို့ ဇီလန်စကီးက ဆုံးဖြတ်ခဲ့ပါတယ်။ Kyiv Post သတင်းဌာနနဲ့ အင်တာဗျူးမှာတော့ ဇီလန်စကီးက အဲဒီ ဆုံးဖြတ်ချက်ရဲ့ အကြောင်းရင်းကို ထုတ်ဖော် ရှင်းပြခဲ့ပါတယ်။

ပထမဆုံး အနေနဲ့ တရုတ်ဟာ စစ်ပွဲ စတင်ချိန် ကတည်းက အဲဒီစစ်ပွဲ ရပ်ဆိုင်းအောင် အမှန်တကယ် အားထုတ် ကူညီတာမျိုး လုံးဝ မရှိခဲ့ကြောင်း၊ ဒုတိယ အချက်က တရုတ်ဟာ ဒရုန်းစျေးကွက်ကို ဖွင့်ပေးပြီး ရုရှားအတွက် အထောက်အပံ့ ပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

မူအားဖြင့်တော့ တရုတ် အစိုးရဟာ စစ်ပွဲရပ်ဆိုင်းဖို့ အကြိမ်ကြိမ် တောင်းဆိုနေခဲ့ပေမယ့် ကြားနေဝါဒကို ဆုပ်ကိုင်တယ်ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ကျူးကျော်သူ ရုရှားကို စီးပွားရေး ပိတ်ဆို့ အရေးယူတာမျိုးတွေတော့ မလုပ်ခဲ့ပါဘူး။ တရုတ် အစိုးရက ရုရှား-ယူကရိန်း စစ်ပွဲရပ်ဆိုင်းရေး ကိစ္စမှာ ပိုပြီး ထဲထဲဝင်ဝင် ကူညီ ညှိနှိုင်းပေးလိုတဲ့ အရိပ်အယောင်တွေ ပြသထားပေမယ့် ဇီလန်စကီးကတော့ အဲဒီဆွေးနွေးမှုတွေမှာ တရုတ်ရဲ့ အခန်းကဏ္ဍ လုံးဝ ရှိလာမှာ မဟုတ်ဘူးလို့ ယတိပြတ် မှတ်ချက်ပေးခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မော်နင်ကတော့ ဇီလန်စကီးရဲ့ စကားတွေဟာ အခြေအမြစ် ကင်းမဲ့ပြီး နိုင်ငံရေးအရ ပုံဖော် လှည့်စားမှုတွေ ရောပြွန်းနေတယ်လို့ ပြောပါတယ်။ အမေရိကန်ကလည်း တရုတ်ဟာ စစ်ပွဲကာလအတွင်း ရုရှားအတွက် ဒုံးကျည်တွေ၊ တင့်ကားတွေ၊ တိုက်လေယာဉ်တွေနဲ့ လက်နက်တွေ ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်။

တရုတ်ကတော့ ရုရှားကို ပေးပို့တဲ့ ပစ္စည်းတွေဟာ စစ်လက်နက်တွေ မဟုတ်ဘဲ စစ်ဘက်၊ အရပ်ဖက် နှစ်မျိုး လိုသလို အသုံးပြုနိုင်တဲ့ အမျိုးအစားတွေသာ ဖြစ်တယ်လို့ ဖြေရှင်းထားဖူးပါတယ်။

ဒါပေမဲ့လည်း တရုတ်နဲ့ ရုရှားကြားက နီးစပ်တဲ့ ဆက်ဆံရေးကြောင့် ယူကရိန်း စစ်ပွဲမှာ တရုတ်ပါဝင်တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး သံသယနဲ့ မေးခွန်းထုတ်မှုတွေကတော့ ကာလရှည်ကြာ ဆက်လက် တည်ရှိနေဆဲ ဖြစ်ပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။