Connect with us

Hi, what are you looking for?

News

နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့်တွေ များစွာကန့်သတ်ခံထားရ

ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)က မြန်မာအခြေ အနေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် (Resolution)ချမှတ်ခြင်းမရှိသေးပေမယ့် ဆုံးဖြတ်ချက်ထွက်ပေါ်စေရန် ဆက်လက်ကြိုးစားနေ ကြောင်းလည်း သံအမတ်ကြီးက ပြည်သူတွေကို အသိပေးပါတယ်။

လက်ရှိအချိန်အထိ တရားမဝင်အာဏာသိမ်းစစ်ကောင်စီကို မည်သည့်နိုင်ငံကမျှ အသိအမှတ်ပြု လက်ခံခြင်းမရှိသေးဘဲ နိုင်ငံတကာမျက်နှာစာမှာ စစ်ကောင်စီရဲ့လုပ်ပိုင်ခွင့်တွေကိုများစွာ ကန့် သတ်ခံထားရတယ်လို့ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒီမနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ People’s Soldiers – ပြည်သူ့စစ်သားများရဲ့ ပြည်သူ့စစ်သားစကားဝိုင်းမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပါဝင်ဆွေးနွေးခဲ့ရာ အကြမ်းဖက်စစ်ကောင်စီရဲ့ နိုင်ငံတကာ မျက်နှာစာအခြေအနေကို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

“ဒါကလည်း နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကျွန်တော်တို့ပြည်သူတွေက ဓမ္မဘက်မှာရပ်တည်ပြီးတော့ ဒီမိုကရေစီပြန်လည်ရရှိရေး၊ ပြည်သူ့အာဏာ ပြည်သူ့ထံပြန်လည်ရရှိရေးဆောင်ရွက် နေတဲ့ဥစ္စာမျိုးမှာ ဒီလိုပုံစံမျိုးနဲ့ အားပေးနေတယ်ဆိုတာ အရမ်းပေါ်လွင်ပါတယ်” လို့ ဦးကျော်မိုးထွန်းက ပြောပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီ(UNSC)က မြန်မာအခြေ အနေနဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် (Resolution)ချမှတ်ခြင်းမရှိသေးပေမယ့် ဆုံးဖြတ်ချက်ထွက်ပေါ်စေရန် ဆက်လက်ကြိုးစားနေ ကြောင်းလည်း သံအမတ်ကြီးက ပြည်သူတွေကို အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးထုတ်ပြန်ချက်တွေဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားတွေပါဝင်နေတာကြောင့် လက်ရှိတော်လှန်ရေးအတွက်လည်း ကူညီပံ့ပိုးမှုဖြစ်စေတယ်လို့ သံအမတ်ကြီးက ရှင်းပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လက်ရှိအချိန်အထိ ကုလ သမဂ္ဂမှာ ကိုယ်စားပြုခွင့်မရရှိသေးဘဲ ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ကာ ဥပဒေမဲ့အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ သံအမတ် ကြီးဦးကျော်မိုးထွန်းက ကိုယ်စားပြုခွင့်ရရှိထားဆဲဖြစ်ပါတယ်။

တချိန်တည်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို နိုင်ငံတကာအသိုင်းအဝိုင်းက တရားဝင် အသိအမှတ်ပြုမှုမရှိသေးခြင်းဟာ နိုင်ငံများရဲ့ ပြည်တွင်းဥပဒေတွေကြောင့်ဖြစ်နိုင်ပြီး တရားဝင် အသိအမှတ်ပြုမှုမရှိသေးပေမယ့် NUGရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံနေတဲ့ နိုင်ငံများစွာရှိတယ်လို့ သံအမတ်ကြီးက ရှင်းပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook