Connect with us

Hi, what are you looking for?

News

ကျိုက်နဲ​ရေလယ်ဘုရားဖူးလာသူ ၁၅ဦး​သေဆုံးပြီး ၃၀ဦး​ပျောက်ဆုံး​နေမှုဖြစ်စဥ်အ​ပေါ် ဝမ်းနည်း​ကြေကွဲရ​ကြောင်း NUG အစိုးရထုတ်ပြန်

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော ဌာနေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ စနစ်တကျ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အံခဲ-ဝဲဂလောင်းကျေးရွာ ပင်လယ်ပြင်ကမ်းခြေအနီးရှိ ကျိုက်နဲရေလယ်ဘုရားဖူးသူများ ရေထဲဖြတ်ကူးချိန် ပင်လယ်ရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် ဘုရားဖူး၁၅ဦး ရေထဲ မျောပါသေဆုံးပြီး ၃၀ဦး ပျောက်ဆုံးနေသည့်ကိစ္စရပ်အတွက် အထူးပင်စိတ်မကောင်းဖြစ်ရပြီး မိသားစုများနည်းတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ထို့အပြင် ဒေသခံမိဘပြည်သူများအနေဖြင့် ကျန်ရစ်သူမိသားစုများအား ကိုယ်အားစိတ်အားဖြင့် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါရန် NUGက မေတ္တာရပ်ခံသည်။

ယနေ့(နိုဝင်ဘာ ၂၁ ရက်)မွန်းလွဲ (၃) နာရီအထိ ရေပြန်တက်လာနေ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရသည်ဟု သိရသည့်အတွက် များစွာပူပန်မိသည်ဟု NUG က ဆိုသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော ဌာနေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ စနစ်တကျ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ချီးကျူးဂုဏ်ပြုကာ ဘေးရန်ကင်းစွာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ပါစေဟုလည်း NUG က ဆုတောင်းသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။