Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျိုက်နဲ​ရေလယ်ဘုရားဖူးလာသူ ၁၅ဦး​သေဆုံးပြီး ၃၀ဦး​ပျောက်ဆုံး​နေမှုဖြစ်စဥ်အ​ပေါ် ဝမ်းနည်း​ကြေကွဲရ​ကြောင်း NUG အစိုးရထုတ်ပြန်

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော ဌာနေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ စနစ်တကျ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အံခဲ-ဝဲဂလောင်းကျေးရွာ ပင်လယ်ပြင်ကမ်းခြေအနီးရှိ ကျိုက်နဲရေလယ်ဘုရားဖူးသူများ ရေထဲဖြတ်ကူးချိန် ပင်လယ်ရေ ရုတ်တရက်မြင့်တက်လာမှုကြောင့် ဘုရားဖူး၁၅ဦး ရေထဲ မျောပါသေဆုံးပြီး ၃၀ဦး ပျောက်ဆုံးနေသည့်ကိစ္စရပ်အတွက် အထူးပင်စိတ်မကောင်းဖြစ်ရပြီး မိသားစုများနည်းတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ထို့အပြင် ဒေသခံမိဘပြည်သူများအနေဖြင့် ကျန်ရစ်သူမိသားစုများအား ကိုယ်အားစိတ်အားဖြင့် ဝိုင်းဝန်းစောင့်ရှောက်ပေးကြပါရန် NUGက မေတ္တာရပ်ခံသည်။

ယနေ့(နိုဝင်ဘာ ၂၁ ရက်)မွန်းလွဲ (၃) နာရီအထိ ရေပြန်တက်လာနေ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ရပ်နားထားရသည်ဟု သိရသည့်အတွက် များစွာပူပန်မိသည်ဟု NUG က ဆိုသည်။

ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေသော ဌာနေအရပ်ဖက်လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုများမှ စနစ်တကျ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသူများကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ချီးကျူးဂုဏ်ပြုကာ ဘေးရန်ကင်းစွာ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နိုင်ပါစေဟုလည်း NUG က ဆုတောင်းသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

သတင်း

ပေါက်ကွဲမှုကြောင့် နေပြည်တော် အေလာလေဆိပ်အနီး၊ လယ်ဝေးနှင့် ပျဥ်းမနားမြို့စွန်တို့တွင် ဖုန်းလိုင်းအချို့ ယာယီပြတ်တောက်မှုဖြစ်ခဲ့ကြောင်း ဒေသခံပြည်သူတို့က ပြောသည်။