Connect with us

Hi, what are you looking for?

သတင်း

မတ္တရာဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်တပ်ဗုံးကြဲ ထရန်စ​ဖော်မာ ၃ လုံးပျက်စီး

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ဒီက​နေ့ လေ ကြောင်းက​နေဗုံးကြဲလို့ ထရန်စ​​ဖော်မာ ၃ လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်တပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-MDY PDF

စက်တင်ဘာ-၃၊ ၂၀၂၅။People’s Spring

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးဓါတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က ဒီက​နေ့ လေ ကြောင်းက​နေဗုံးကြဲလို့ ထရန်စ​​ဖော်မာ ၃ လုံးပျက်စီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ(၃) ရက် ၊မွန်းလွဲ(၂)နာရီခန့်ကမတ္တရာမြို့နယ်ရှိ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံကို စစ်ကောင်စီတပ်က Y-12လေယာဉ် နဲ့ ဆူဆိုက်ဒရုန်းတွေနဲ့ပါ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း မန္တလေး PDF က​ဖော်ပြပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း Y-12 နဲ့ ဗုံးအလုံးရေ (၅၀)ခန့် ကြဲချပြီးဗုံးတချို့ဟာ ဆည်တော်ကြီး တာတမံအနီးတစ်ဝိုက်ကို ကျရောက်

Public Service Announcement

Public Service Announcement

ပေါက်ကွဲခဲ့ကြောင်း၊ ဗုံးတချို့ကတော့ ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ထရန်စဖော်မာ(၃)လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေး PDFက ထပ်ံမံအသိပေးပါတယ်။

ဆည်တော်ကြီး ဓာတ်အားပေးစက်ရုံဟာ ပုသိမ်ကြီးမြို့နယ် ၊ မတ္တရာမြို့နယ် ၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တို့အတွက် လျှပ်စစ်မီးရဖို့ အဓိကကျတဲ့ ဓာတ်အားပေးစက်ရုံတစ်ခု ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားပါတယ်။

မတ္တရာမြို့နယ်အ​ရှေ့ခြမ်းမှာရှိတဲ့ ဆည်​တော်ကြီးကစစ်တပ်စခန်း​တွေကို မန္တ​​လေးPDF နဲ့ ပူး​ပေါင်းတပ်​တွေက ၁၀၂၇ စစ်ဆင်​ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်​ရေး) မှာကတည်းကသိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပါတယ်။ မန္တ​​လေး PDF နဲ့ ​တော်လှန်​ရေးတပ်​တွေက ရှမ်းမန်းစစ်ဆင်​ရေးအတွင်း စဥ့်ကူးတစ်မြို့နယ်လုံးနဲ့ မတ္တရာမြို့နယ် အ​ရှေ့ခြမ်းကစစ်တပ် စခန်း ၄၀ ခန့်ကို သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

သတင်း

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။