Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲအပေါ်မျှော်လင့်မနေဘဲ ပြည်သူတရပ်လုံးနှင့်ဝိုင်းဆန့်ကျင်ကြရန် မွန်တပ်ဖွဲ့ ထုတ်ပြန်

မွန်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်စစ်ကျွန်သက်ဆိုးရှည်မည့်စစ်ကော် မရှင်၏ အတုအ ယောင်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုဘဲ၎င်းရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA က ယနေ့ ထုတ်ပြန်ခဲ့ပြီး မွန်နိုင်ငံရေးပါတီများအနေဖြင့်လည်းအတု အယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ၊ မွန် ပြည်သူတစ်ရပ်လုံးနှင့်အတူဝိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထုတ်ပြန်သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက် ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP

▪️ထိန်းချုပ်ဒေသ၊လှုပ်ရှားဒေသများ၌ ရွေးကောက်ပွဲကျင်းပခွင့် မပြု၊ နည်းမျိုးစုံဖြင့်ဆန့်ကျင်မည်ဟု အသိပေး

စက်တင်ဘာ ၅၊၂၀၂၅။ ထားမြတ်/People’s Spring

မွန်ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့်စစ်ကျွန်သက်ဆိုးရှည်မည့်စစ်ကော် မရှင်၏ အတုအ ယောင်ရွေးကောက်ပွဲတွင်ပါဝင်ခြင်းမပြုဘဲ၎င်းရွေးကောက်ပွဲကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် NMSP-AD/ RMA က ယနေ့ ထုတ်ပြန်ခဲ့ပြီး မွန်နိုင်ငံရေးပါတီများအနေဖြင့်လည်းအတု အယောင်ရွေးကောက်ပွဲအပေါ် မျှော်လင့်မနေဘဲ၊ မွန် ပြည်သူတစ်ရပ်လုံးနှင့်အတူဝိုင်းဝန်းဆန့်ကျင်ရန် တိုက်တွန်းထုတ်ပြန်သည်။

စစ်အုပ်စုက လာမည့် ဒီဇင်ဘာအတွင်းကျင်းပရန် ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲအပေါ် NMSP-AD/RMA ၏ သဘောထား ရပ်တည်ချက် ယနေ့ စက်တင်ဘာ ၅ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် ၎င်းတို့ ကြုံနေရသည့် နိုင်ငံရေး၊စစ်ရေး အကြပ်အတည်းပေါင်းစုံကို ကျော်လွှားသွားနိုင်ရန်နှင့် နိုင်ငံတကာ အသိအမှတ်ပြုရေး ရရှိစေရန် လုပ် ဆောင်သည့် အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖြစ်ဟု ဖော်ပြသည်။

ထို့ပြင် ၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေကို ပြန်လည်အသက်သွင်းရန်၊ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်စေရန်နှင့် စစ်ကျွန်သက်ဆိုးရှည်စေရေးအတွက်သာ ဖြစ်ပြီး နိုင်ငံတွင်းပဋိပက္ခကို ပိုမို ပြင်းထန်လာစေမည်ဟု သတိပေးသည်။

စစ်အုပ်စု၏ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေးပါတီများနှင့် လူပုဂ္ဂိုလ်များသည် ၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်ရန် ပြုလုပ်သည့်အဖွဲ့အစည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြောင်းလည်း ကြေညာခဲ့သည်။

NMSP-AD/RMAအနေဖြင့်စစ် ကော်မရှင်၏အတုအယောင်ရွေးကောက်ပွဲကို နည်းလမ်းမျိုးစုံဖြင့် ဆန့် ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး ထိန်းချုပ်ဒေသနှင့်လှုပ်ရှားဒေသများတွင် ရွေးကောက်ပွဲပြုလုပ် ခြင်းကို လုံးဝလက် မခံကြောင်း အသိပေးသည်။

“ဒီရွေးကောက်ပွဲအပေါ် တိုက်တွန်းချင်တာကပြည်သူတရပ်လုံးအထူး သဖြင့် မွန်ပြည်နယ်မှာဆို မွန်တမျိုးသားလုံး ကိုယ့်နည်းကိုယ့်ဟန်နဲ့သော်လည်းကောင်း တော်လှန်ရေးအင်အားစုနဲ့ ပူးပေါင်း ၍သော်လည်း ကောင်း အစီအစဉ်ရှိရှိ သတ္တိရှိရှိဆန့်ကျင်သွားဖို့လိုမယ်” ဟု NMSP-AD/RMA ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောကြားသည်။

ရွေးကောက်ပွဲ၌ မဲပေးခြင်းမပြုဘဲ အချင်းချင်းအကြားတွင်လည်း မဲမထည့်ရေး ဆော်ဩကြရန် ၎င်းက တိုက်တွန်းသည်။

“ ဒါမှမဟုတ်ရင်ထောင်ချောက်ထဲဝင်မိသွားရင်ရေရှည်မှာစစ်အာဏာ ရှင်စနစ်ကိုသွားပြီး အသိအမှတ်ပြုသလို ဖြစ်သွားပါလိမ့်မယ်” ဟုနိုင်ကောင်းစကား ကပြောသည်။

အချို့ နိုင်ငံများ ယူဆသကဲ့သို့ ရွေးကောက်ပွဲ ဖြစ်မှ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမည်ဆိုသည်မှာ လုံး၀ မဟုတ်ကြောင်း ၎င်းကဆိုသည်။

“ဒီလိုမျိုး အတုအယောင်ရွေးကောက်ပွဲက ကျနော်တို့ နိုင်ငံအတွက် ပိုပြီးမွဲပြာကျစေတယ်လို့ ကျနော်တို့က သိစေချင်တယ်။ နောက်ဆုံးအနေနဲ့ ကျနော်ပြောချင်တာက ကျနော်တို့ ဒါဟာ နိုင်ငံရေးအရ ကျနော်တို့ရဲ့ ကိုယ့်ရဲ့ ခံယူချက်အတွက် အစွမ်းကုန် တိုက်ပွဲဝင်ရမယ့်ပွဲလို့ အဲဒီလိုမြင်ပါတယ်” ဟု နိုင်ကောင်းစကားက ပြောကြားသည်။

အခြားမွန်တော်လှန်ရေးအင်အားစုများနှင့် ဒေသတွင်း တော်လှန်ရေးတပ်များကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲကို စစ်ရေးအရ ဖိအားပေးသည့် အနေဖြင့် မွန်၊ တနင်္သာရီဒေသများ၌ စစ်ရေးဖော်ဆောင်လျက်ရှိပြီးရွေးကောက်ပွဲ၌ ပူးပေါင်းပါဝင်ခြင်းမပြုရန် သတိပေးထားသည်။

မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ရေးပြည်သူ့ကာကွယ်ရေတပ်(YPDF)၊ PDF ဒေါနတပ်ရင်း(၂) တို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုင်ရာ အာဏာပိုင်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်သတိပေးချက်ကို ၂၀၂၅ ဇူလိုင် ၂၁ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)နဲ့ လွတ်လပ်သောရွေးကောက်ပွဲများဆိုင်ရာအာရှကွန်ရက်(ANFREL)အဖွဲ့တို့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ ၂၀၂၅ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းတို့မှာ အပိုင်း ၃ ခု ခွဲခြားပြီး အာဏာသိမ်း မြန်မာစစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေဟာလုံးဝတရားဝင်မှုမရှိကြောင်းအတိအလင်းရှုတ်ချထားခဲ့ပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ရဲ့ ပြတ်သားတဲ့ ရွေးကောက်ပွဲ အနိုင်ရလဒ်နဲ့အတူ ဟန်ဂေရီကို ၁၆ နှစ်ကြာ ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဗစ်တာအော်ဘန်ရဲ့ ခေတ်က အဆုံးသတ်သွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေပါဝင်တဲ့ မွန်တော်လှန်ရေးဖိုရမ်က ကြေညာချက် တရပ်ထုတ်ပြန်ခဲ့ရာ စစ်တပ် ကျင်းပတဲ့ ရွေးကောက်ပွဲက ပေါ်လာမယ့် ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုကြောင်း အသိပေးထားသလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နဲ့ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) အခြေခံ နိုင်ငံရေးဆွေးနွေးပွဲတွေကိုလက်မခံကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။