Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီရွေးကောက်ပွဲအသိအမှတ်မပြုဖို့နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း ၃၀၀ကျော်က အာဆီယံထံ အရေးတကြီး တောင်း‌ဆို

စစ်ကောင်စီ၏၂၀၂၅ ရွေးကောက်ပွဲကိုအသိအမှတ်မပြုရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၏ ခေါင်းဆောင်များထံနိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်း ၃၀၀ကျော်က စာပေးပို့၍ အရေးတကြီးတောင်းဆိုလိုက်သည်။

စစ်ကောင်စီ၏ ရွေးကောက်ပွဲအား ဆန့်ကျင်ကန့်ကွက်ကြောင်း ပြည်သူများက ဆန္ဒပြနေစဥ်။ဓာတ်ပုံ − CJ

စက်တင်ဘာ-၆၊၂၀၂၅။တေဇ/People’s Spring

စစ်ကောင်စီ၏၂၀၂၅ ရွေးကောက်ပွဲကိုအသိအမှတ်မပြုရန် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)၏ ခေါင်းဆောင်များထံနိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်း ၃၀၀ကျော်က စာပေးပို့၍ အရေးတကြီးတောင်းဆိုလိုက်သည်။

နိုင်ငံတကာအရပ်ဘက်အဖွဲ့အစည်း၃၁၅ ဖွဲ့ကစစ်ကောင်စီ၏ရွေးကောက် ပွဲကို အတုအယောင်ရွေးကောက်ပွဲဟုကြေညာခဲ့ပြီးအာဆီယံအတွင်းရေးမှုးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးများထံ သို့ယင်းရွေးကောက်ပွဲကို အသိအမှတ်မပြုရန် စက်တင်ဘာ ၃ ရက်က စာပို့၍ အရေးတကြီးတောင်းဆိုခဲ့ခြင်းဖြစ်သည်။

“စစ်ကောင်စီအားနည်းပညာနှင့်ငွေကြေးဆိုင်ရာအကူအညီများ မည်သည့်နည်းနှင့်မျှ မပေးအပ်ရန်နှင့် ရွေးကောက်ပွဲလေ့လာသူများကို စေလွှတ်ခြင်း မပြုရန်ကိုလည်း ထည့်သွင်းတောင်းဆိုထားသည်။ ထို့အပြင် စစ်ကောင်စီခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစုဝင်များနှင့် ဆက်စပ်နေသော လုပ်ငန်းများအား ပစ်မှတ်ထား၍ အရေးယူဆောင်ရွက်ရန်လည်း တိုက်တွန်းထားသည်။”ဟုတောင်းဆိုထားသည့်စာတွင်ဖော်ပြထား သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သည့် NUG ၊NUCC၊CRPH ၊EROs များနှင့် အခြားသော ဒီမိုကရေစီအင်အားစုများကို အသိအမှတ်ပြုကာဆက်သွယ်ဆောင်ရွက်သင့်ကြောင်း နှင့် ပြည်သူများကို အကူအညီများပေးပါကလည်း ယင်းအဖွဲ့များမှတစ်ဆင့်ပေးရန် ‌အထက်ပါ အဖွဲ့များကတောင်းဆိုထားသည်။

စစ်ကောင်စီသည် နိုင်ငံ၏ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်သည့် ဒေသများကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အုပ်ချုပ်နေကြောင်း ယင်းစာ၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် လေကြောင်း တိုက်ခိုက်မှူပေါင်း ၇၀၀၀ ကျော်ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၃.၅ သန်းကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ယင်းအဖွဲ့များက တင်ပြထားသည်။

“ASEAN ၏ စည်းလုံးညီညွတ်မှုနှင့် ဂုဏ်သိက္ခာသည် ဤအရေးကိစ္စတွင် ၎င်းတို့က မည်သို့မည်ပုံ ဆောင်ရွက်မည် ဆိုသည့် အပေါ်တွင် မူတည်နေကြောင်း ကောက်ချက်ချ ရေးသားထားသည့် ဤစာကို ကမ္ဘာတစ်ဝှန်းရှိ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အဖွဲ့အစည်းများက လက်မှတ်ရေးထိုး၍ ထောက်ခံထားသည်။” ဟု လက်မှတ်ရေးထိုးထားသည့် အဖွဲ့ စာရင်းနှင့်အတူ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်