Connect with us

Hi, what are you looking for?

သတင်း

အထွေထွေထိုးစစ် မဖြစ်မနေလုပ်မည်ဟု NUG ကာကွယ်ရေး ဝန်ကြီးပြော

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိတော်လှန်ရေး၏ အခြေအနေနှင့်အထွေထွေထိုးစစ်အကြောင်းကို NUG သတင်းပြန်ကြားရေးဌာန PVTV မှတဆင့် ယနေ့ ထုတ်လွှင့်​သောအင်တာဗျူးတွင် အသိပေးခဲ့ရာ တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးရန် အထွေထွေထိုးစစ် မဖြစ်မနေပြုလုပ်ရမည်ဟုပြောကြားသည်။

NUG ကာကွယ် ရေးဝန်ကြီး ဦးရည်မွန် PDFများသိမ်းပိုက်ထား သောပင်လည်ဘူးမြို့ကို သွား ရောက်စဥ်။ ဓါတ်ပုံ-NUG-MOD

စက်တင်ဘာ-၁၀၊ ၂၀၂၅။ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က လက်ရှိတော်လှန်ရေး၏ အခြေအနေနှင့်အထွေထွေထိုးစစ်အကြောင်းကို NUG သတင်းပြန်ကြားရေးဌာန PVTV မှတဆင့် ယနေ့ ထုတ်လွှင့်​သောအင်တာဗျူးတွင် အသိပေးခဲ့ရာ တော်လှန်ရေးအလှည့်အပြောင်း ဖန်တီးရန် အထွေထွေထိုးစစ် မဖြစ်မနေပြုလုပ်ရမည်ဟုပြောကြားသည်။

အထွေထွေထိုးစစ်ဆိုသည်မှာ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်း၌ ဟန်ချက်ညီစစ်ဆင်ရန်ဖြစ်ဟု ၎င်းကဆိုသည်။

“ကျနော်တို့ တော်လှန်ရေး အလှည့်အပြောင်းကို ဖန်တီးနိုင်ဖို့ဆိုရင် ဒီအလုပ်က မဖြစ်မနေလုပ်ရမယ့်အလုပ်လို့ပဲ ကျနော်တို့နားလည်တယ်။ဒီအလုပ်ကို လုပ်နိုင်ဖို့လည်း အခြေအနေပေးမှုတွေ အခင်းအကျင်းတွေ ရှိထားပြီးဖြစ်ပါတယ်။အခုဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသတိုင်းမှာ တည်ဆောက်တပ်ဖြန့်ထားပြီးလည်းဖြစ်တယ်။ ကျနော်တို့ရဲ့ ညီနောင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဆိုရင်လည်းဒေသအလိုက် မရပ်မနားတိုက်ပွဲဝင်နေကြချိန်လည်းဖြစ်ပါတယ်။ အရေးကြီးဆုံးက တော့ ကျနော်တို့ ဟန်ချက်ညီ ဖြစ်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင်လက်ရှိ စစ်အုပ်စုအနေဖြင့် ကြီးများသည့် ဆုံးရှုံးမှု ၂ခု ကြုံထားပြီး ပထမအချက်မှာ စစ်ဝါဒကျရှုံးခြင်းဖြစ်ပြီး ဒုတိယ အချက်မှာ အကြမ်းဖက် စစ်တပ်အပေါ် ပြည်သူ၏ စက်ဆုပ်ရွံရှာမှုဖြစ်ဟု ဝန်ကြီးက ပြောသည်။

“စစ်တပ်က နိုင်ငံရေးမှာ ဦးဆောင်ပါဝင်ရမယ်ဆိုတဲ့အချက်ကို တော်လှန်ရေးအင်အားစုအားလုံးက တညီတညွတ်တည်း ပယ်ချထားပြီးဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က စစ်အုပ်စု၏ စစ်ဝါဒကျရှုံးမှု ကို ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအောက်မှ NCA၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှ ရွေးကောက်ပွဲ မည်သည့် အရာကိုမှ လက်ခံမည်မဟုတ်ကြောင်း လည်း အသိပေးသည်။

” ပြည်သူက စခလို့ ခေါ်တယ်ဆိုတာ အကြောင်းမဲ့တော့ မဟုတ်ဘူး။ လူစိတ်မရှိတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကို တပ်မတော်လို့ သတ်မှတ်ပြီး တိုင်းပြည်အိမ်ဦးခန်းဆက်ထားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးလို့ ပြောရပါလိမ့်မယ်”ဟု ဝန်ကြီး ဦးရည်မွန်က စစ်ကောင်စီအား ပြည်သူများ စက်ဆုပ်ရွံရှာနေသည့် အခြေအနေကို ပြောသည်။

တိုင်းပြည်ဘဏ္ဍာ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်တည်ဆောက်ထားသည့် စစ်တပ်သည် ပြည်ပကျူးကျော်စစ် မဆိုထားနှင့် တူမီးနှင့်စသည့် ပြည်သူ့ခုခံစစ်ကို ကြုံယုံဖြင့် အလဲလဲ အကွဲကွဲ ဖြစ်နေသည်မှာ မျက်မြင်ပင်ဖြစ်ကြောင်းလည်း ဝန်ကြီးက ပြောသည်။

“ဟန်သာရှိပြီး အဆံမရှိတဲ့တပ်၊ စိတ်ဓာတ် ကျင့်ဝတ်စည်းကမ်း အားလုံး ချွတ်ခြုံကျပြီးတော့မှ နေ့စဉ်နဲ့အမျှ ပြည်သူကို ဗုံးကြဲ မီးရှီု့ လည်လှီး သွေးအေးအေးနဲ့ သတ်ဖြတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဆိုတာ ပြည်သူတွေကိုယ်တိုင် မျက်ဝါး

ထင်ထင် မြင်လိုက်ရပြီလို့ ပြောလို့ရပါတယ်။ ဒီလို လူမဆန်တဲ့ အကြမ်းဖက်တပ်ရဲ့ အုပ်စိုးမှုအောက်မှာ ဆက်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာလည်း ပြည်သူတွေအနေနဲ့ စိတ်ဒုံးဒုံးချပြီးဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်တိုက်ပွဲ‌တွေအတွက် နည်းပညာတွေ တိုးမြှင့်နိုင်ဖို့ ရန်ပုံငွေရရှိရေးအတွက်ပြုလုပ်တဲ့ ကြိုးနဲ့စွန် ကမ်ပိန်းမှာပြည်သူ‌တွေ ပါဝင်‌ပေး ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံကြီးတခုက မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအား ခြိမ်းခြောက်ဖိအားပေးနေမှုကြောင့် စစ်လက်နက်ပစ္စည်းရရှိရေး အဟန့်အတားရှိနေသော်လည်း အထွေထွေထိုးစစ်အတွက် လက်နက်ခဲယမ်းမီးကျောက်ရရှိရေး ပြင်ဆင်မှုနှင့် နည်းလမ်းရှာပြီး ဒရုန်း၊ ဂျန်ဘာကဲ့သို့ နည်းပညာပစ္စည်းများ ဖြည့်တင်းမှုလုပ်ဆောင်နေဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွင် အတွေ့အကြုံကောင်းများနှင့် အားသာချက်များဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒေသတိုင်းတွင်ဟန်ချက်ညီစစ်ဆင်ရန် ပြင်ဆင်နေပြီး အဓိက ကြုံနေရသည့် စိန်ခေါ်မှု(၇)ချက်ရှိသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။