ဒီဇင်ဘာ-၃၀၊ ၂၀၂၅။ အိမ်သွင်/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသလက်အောက်ခံတမူးခရိုင်၊အမှတ် (၂)တပ်ရင်းက လာမယ့် ၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်မယ်လို့ သတင်းထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၉ရက် မနေ့က ပြုလုပ်ခဲ့တဲ့တပ်ရင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်သူလူထုကို သတင်းထုတ်ပြန်အသိပေးတာဖြစ်ပါတယ်။
အဲဒီအစည်းအဝေးမှာ ရှေ့တန်းစစ်မြေပြင်က တပ်မှုးတွေ၊ လက်နက်ကြီးအဖွဲ့၊ ဆေးတပ်ဖွဲ့၊ တပ်ရင်းရုံးအဖွဲ့နဲ့ သက်ဆိုင်ရာအရာရှိတွေ တက်ရောက်ခဲ့ကြပါတယ်။ ရှေ့ဆက်လုပ်ဆောင်မယ့် တပ်ရင်းလုပ်ငန်းစဥ်တွေအပြင်၂၀၂၆ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်ဖို့ပါ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

Public Service Announcement
အိန္ဒိယနိုင်ငံနဲ့ဆက်စပ်နေတဲ့ တမူးခရိုင်ထဲက ခါမ်းပတ်မြို့နဲ့ မြို့သစ်မြို့တို့ကို ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေက ထိန်းချုပ်ထားပြီး စစ်ကောင်စီက တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်တာပါ။
လက်ရှိမှာ ကလေး-တမူး အာရှလမ်းနဲ့ ကလေးမြို့နယ်ထဲမှာလည်း စစ်ရေးတင်းမာနေသလို ဒေသချင်းဆက်စပ်နေတဲ့ မကွေးတိုင်းထဲက ယောဒေသ ဂန့်ဂေါခရိုင်မှာလည်း Yawland Opreationစစ်ဆင်ရေးအဖြစ် စစ်ကောင်စီတပ်စွဲထားတဲ့ ပျူစောထီးကျေးရွာတွေနဲ့ စစ်ကောင်စီစခန်းတွေကို ဒီဇင်ဘာ ၂၇ ရက် မနက် ၅ နာရီကစပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပါတယ်။



















































