Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က မန္တလေးတိုင်းအတွင်းကမြို့နယ်တွေကိုဆင်တိုက်ဗုံးကြဲ

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်မှာ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲစာသင်ကျောင်းနဲ့ ရွာတရွာကိုလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။

စက်တင်ဘာ-၁၀၊၂၀၂၅။ဇေအောင်၊​မေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းနဲ့ မတ္တရာမြို့နယ်မှာ စစ်တပ်က တိုက်ပွဲမဖြစ်ဘဲစာသင်ကျောင်းနဲ့ ရွာတရွာကိုလေကြောင်းကနေတိုက်ခိုက်သွားပါတယ်။

စက်တင်ဘာ ၉ ရက်၊မွန်းလွဲ ၁ နာရီခွဲခန့်ကသပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာစာသင်ကျောင်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်မှု မရှိခဲ့ပေမဲ့ စာသင်းကျောင်းရှိ အဆောင်များ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားခဲ့ကြောင်းပြည်သူ့ကာကွယ်ရေး တပ်မတော်မန္တလေး(MDY-PDF)က ထုတ်ပြန်ပါတယ်။

စစ်တပ်ဟာ ပြည်သူပိုင် နေအိမ်များ ၊ ဆေးရုံများနဲ့ စာသင်ကျောင်းများကိုပစ်မှတ်ထားကာလေကြောင်းတိုက်ခိုက်မှုများမကြာခဏပြုလုပ်​နေတယ်လို့ မန္တလေး PDFက ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ ဒီကနေ့ စက်တင်ဘာ ၁၀ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ ခန့်ကလည်း မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ ဆိပ်သာရွာကို စစ်တပ်က ဂျက်ဖိုက်တာတစီးတဲ့ ဗုံး ၂ လုံးကြဲကာ တိုက်ခိုက်ခဲ့ကြောင်း၊ ဒါ့အပြင် စက်လက်နဲ့ပါ ထပ်မံပစ်ခတ်သွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့က ဖော်ပြပါတယ်။

“လူထိခိုက်မှုမရှိဘူး။ မီးရှို့တာအားမရလို့လာပစ်တာ။”လို့ ဒေသခံတဦးက ပြောပါတယ်။ဆိပ်သာရွာနဲ့ ငါးလုံးပြွန် ရွာတို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ ​အခြားဒေသခံတဦးက​လည်းပြောတယ်။

“နှစ်ရွာလုံး နေအိမ်တွေပျက်စီးတယ်။ဆက်တိုက်ကြဲသွားတာ။စက်လက်နဲ့လည်းကုပ်သွားသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၇ ရက်ကလည်းသပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြူကျေးရွာမှာ စာသင်တဲ့အိမ် စစ်တ​ပ်က လေကြောင်းတိုက်ခိုက်လို့ ဆယ်နှစ်သား ကလေးတဦးသေဆုံးပြီး ကလေးငယ် (၅)ဦးအပါအဝင် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါအပြင်စစ်တပ်က စက်တင်ဘာ၉ ရက်ညကလည်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ ပြည်သူ ၄ ဦး သေဆုံးကာ ၁၃ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့​ဒေသခံအချို့က​ပြောပါတယ်။

စစ်တပ်ဟာ ကာကွယ်ရေးအဖွဲ့တွေ စိုးမိုးထားတဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတလျှောက် သပိတ်ကျင်း၊ စဥ့်ကူး၊ မတ္တရာလမ်းပိုင်းကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေပြီး လေကြောင်းတိုက်ခိုက်မှုတွေပါ ဆက်တိုက်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊မန်လည်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ‌ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို၂ဦး သေဆုံးပြီး ၃ဦးဒဏ်ရာရကာ ဆက်တိုက်ဗုံးကြဲနေဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook