Connect with us

Hi, what are you looking for?

သတင်း

ဦးကျော်မိုးထွန်းကို ဆက်ခန့်ဖို့ တောင်းဆိုစာတွင် ထောက်ခံပေးရန် NYCBC တောင်း‌ဆို

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုလက်ရှိတာဝန်များအတိုင်းဆက်လက်ခန့်အပ်ရန် တောင်းဆိုစာကို ထောက်ခံသူစာရင်း၌ ပါဝင်ပေးရန် New York City Burmese Community (NYCBC)ကတောင်းဆိုထားသည်။

သံအမတ်ကြီးဦး​ကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်​ရေး စစ်ကိုင်းတိုင်းမှပြည်သူများ ဆန္ဒထုတ်​​ဖော်​နေကြစဥ်

စက်တင်ဘာ-၁၀၊၂၀၂၅။တေဇ/People’s Spring

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုလက်ရှိတာဝန်များအတိုင်းဆက်လက်ခန့်အပ်ရန် တောင်းဆိုစာကို ထောက်ခံသူစာရင်း၌ ပါဝင်ပေးရန် New York City Burmese Community (NYCBC)ကတောင်းဆိုထားသည်။

“ယခုစာရင်းသွင်းသူနှစ်သောင်းမပြည့်သေးပါ။ တိုင်းပြည် နှင့် မိမိ၏သားစဉ်ဘောင်ဆက် ရှေ့ရေး အတွက် အချိန်မိနစ်အနည်းငယ်လှုဒါန်းပါဝင်ကြပါ” ဟု NYCBC ကပြည်သူများကိုတောင်းဆိုထားသည်။

ပါဝင်လိုသူများအနေဖြင့် https://docs.google.com/…/1dwI2vVxWSM5Pr…/viewform… သို့ဝင်၍ တောင်းဆိုစာကို ထောက်ခံကြောင်းရေးသားနိုင်သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“ဦးကျော်မိုးထွန်းသည် အသံမဲ့မြန်မာပြည်သူများ၏အသံဖြစ်ပြီး၊ကျွန်ုပ်တို့နိုင်ငံ၏ အကျပ် အတည်းအခြေအနေမှန်ကို နိုင်ငံတကာအသိုင်းအဝိုင်းသိရှိစေရန် ကြိုးပမ်းနေသည့် သူ၏ အခန်းကဏ္ဍကို အဓိကထားဖော်ပြထားပါသည်။ “ဟုဦးကျော်မိုးထွန်းအားမြန်မာ နိုင်ငံ၏ တရားဝင်ကိုယ်စားလှယ်အဖြစ် ဆက်လက်အသိအမှတ်ပြုရေးအတွက် ကုလသမဂ္ဂ သို့ တောင်းဆိုစာတွင်ရေးသားထားသည်ဟုအထက်ပါလင့်ခ်၌ဖော်ပြထားသည်။

ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၂၀ ရက်တွင်စတင်မည်ဖြစ်သောကြောင့် စက်တင်ဘာ ၁၉ ရက်နောက်ဆုံးထား၍ပေးပို့ရန် လိုအပ်ကြောင်း NYCBC က အသိပေးထားသည်။

(၈၀)ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၏ Credentials Committee(သံတမန်စိစစ်ရေးကော်မတီ)ကိုစက်တင်ဘာ၉ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီတွင် အမေရိကန်၊ ရုရှား၊ တရုတ်၊ အန်ဒိုရာ၊ ဘော့ဆွာနာ၊ ဒိုမီနီကန်၊ မလေးရှား၊ ဆီနီဂေါနဲ့ ထရီနီဒက် ၊ တိုဘာဂို စသည့်နိုင်ငံများပါဝင်ကြောင်း သိရသည်။

သံအမတ်ကြီးဦးကျော်မိုးထွန်းကလည်း People’s Spring နှင့် သီးသန့်မေးမြန်းခန်းတွင် လက်ရှိအချိန်အထိ ယတိပြတ်မပြောနိုင်သေးသော်လည်း ယခင်နှစ်ကကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက်ရရှိမည်ဟု မျှော်လင့်ထားကြောင်း ပြောကြားထားသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ မြန်မာပြည်သူလူထုနှင့် အတူရပ်တည်ခဲ့သော ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားရန်အတွက် စစ်ကောင်စီက နှစ်စဥ်ကြိုးစားခဲ့သော်လည်းသံတမန်စိစစ်ရေးကော်မတီက မြန်မာနိုင်ငံနှင့်ပတ်သက်သည့်ဆုံးဖြတ်ချက်ကိုရွှေ့ဆိုင်းခဲ့‌သောကြောင့်သံအမတ်ကြီးဦးကျော်မိုးထွန်းကလက်ရှိအချိန်အထိမြန်မာနိုင်ငံကိုယ်စားပြုအဖြစ်ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ရောက်ရှိလာချိန်မှာ အရေးယူဆောင်ရွက်နိုင်တဲ့ အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲ တွန်းချခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်" ကြွေးကြော်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းယနေ့ (စက်တင်ဘာ ၁၄) ဆန္ဒပြခဲ့ကြသည်။