Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မှာစစ်တပ်ကပြည်သူတွေရဲ့ကားတွေကို ချောဆွဲနေ

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးရာမှာသုံးဖို့ ပြည်သူတွေရဲ့ကားတွေကို ချောဆွဲနေကြောင်း သတင်းရရှိပါတယ်။

မလှိုင်မြို့နယ်နှင့်ဆက်နေသည့်မိတ္ထီလာမြို့အဝင်တွင် စစ်အုပ်စုက ယာဥ်များအား စစ်ဆေးနေစဥ်။ ဓါတ်ပုံ-ပသစ

စက်တင်ဘာ-၁၂၊ ၂၀၂၅။ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးရာမှာသုံးဖို့ ပြည်သူတွေရဲ့ကားတွေကို ချောဆွဲနေကြောင်း သတင်းရရှိပါတယ်။

စက်တင်ဘာ ၇ ရက်ကတည်းက မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က မြို့နယ်အတွင်းမှာရှိတဲ့ ဖောကား၊လိုက်ထရပ်နဲ့ ကန်တာ လုပ်ငန်းသုံးအသေးစားကားတွေကို လိုက်လံချောဆွဲနေခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အရင်၂ရက်ကဆွဲထားတာ ၁၀စိးလောက်ရှိတယ်။ မနေ့ကလည်း ရဲခွေးမှူး ပတ်ဆွဲနေတယ်။ အကုန်အဆွဲခံထားရတာဆို အစီး၂၀လောက်ရှိပြီ”လို့ လူထုသတင်းကွန်ယက်-မလှိုင်မြို့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မိတ္ထီလာမြို့ဘက်မှ စစ်ကောင်စီတပ်က နေ့စဥ် အင်အားအလုံးအရင်းနဲ့ မလှိုင်မြို့နယ်ဘက်ဝင်လာပြီး ချောဆွဲတဲ့ကားတွေသုံးကာ စစ်ကြောင်းထိုးနေတယ်လို့ဒေသခံတွေကပြောပါတယ်။ ဒါ့အပြင်စစ်ကောင်စီတပ်ဟာ စက်တပ်လေထီးနဲ့ပါ မလှိုင်မြို့နယ်အတွင်းကကျေးရွာတွေကိုဗုံးသီးချတိုက်ခိုက်နေကြောင်း ဒေသခံတွေထံက သိရပါတယ်။

မလှိုင်မြို့နယ်ဟာ တော်လှန်ရေးအားကောင်းတဲ့ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်တွေနဲ့ နယ်ချင်းထိဆက်နေပြီး ဒီနှစ်ပိုင်းအတွင်းမှာပဲစစ်အုပ်စုက စစ်ကြောင်းထိုးတာတွေ ခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှောင်လမ်းမှာ ညဘက်ဖြတ်သန်းသွားတဲ့ ယာဥ်တွေ အနုကြမ်းစီးခံနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook