Connect with us

Hi, what are you looking for?

သတင်း

ရဲကားလို့ အသိမ​ပေးပဲ ရုံတင်လာမယ့်ဝါဒဖြန့်ဇာတ်ကား

လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဘဝကိုစားသော ကိန်းဂဏန်းများဆိုတဲ့ ရုပ်ရှင်ဟာ တကယ်တော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ။

စစ်​ကောင်စီ ရဲဇာတ်ကားလို့ မ​ကြေညာပဲရုံးတင်လာမယ့် ဇာတ်ကား​ကြော်ငြာ

စက်တင်ဘာ-၁၄၊၂၀၂၅။တိုးနေဝင်း/People’s Spring

လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့မှာ ရုံတင်ပြသတော့မယ့် ဘဝကိုစားသော ကိန်းဂဏန်းများဆိုတဲ့ ရုပ်ရှင်ဟာ တကယ်တော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ အောက်တိုဘာ ၁ ရက်မှာ ကျရောက်မယ့် ရဲတပ်ဖွဲ့နေ့ ဂုဏ်ပြုရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့တာပါ။

ဒါပေမဲ့ အာဏာသိမ်းကာလအတွင်း ပြည်သူတွေရဲ့ တူးတူးခါးခါးမုန်းတီးမှုကို ခံယူထားရတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ကို ဂုဏ်ပြုထားတာမို့ ပြည်သူတွေလာမကြည့်မှာစိုးလို့ ဂုဏ်ပြုရုပ်ရှင်ဇာတ်လမ်းဆိုတာကိုဖျောက်ပြီး သာမန်ဇာတ်ကားတကားလို ရုံတင်ဖို့ ကြိုးစားနေတာပါ။ ရှေ့မှာလည်း တပ်မတော်နေ့ဂုဏ်ပြုဇာတ်ကားတွေ ရုံတင်ခဲ့ဖူးပေမဲ့ လာကြည့်မယ့်သူမရှိလို့ ဒီကားကိုလည်း ရဲဂုဏ်ပြုကားဆိုတာကို ဖျောက်ထားလိုက်တာပါ။

အဲဒီဇာတ်ကားဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့်ရုပ်ရှင်ဇာတ်ကားဖြစ်တာမို့ အခြားကားတွေလို တန်းစီစရာမလိုဘဲ ကြားဖြတ်တင်တာဖြစ်ပြီး မူလက တင်ဖို့စီစဥ်ထားတဲ့ ဖွေးဖွေးရဲ့ အကြီးကြီးဆိုတဲ့ရုပ်ရှင်ကားက နှစ်ပတ်နောက်ဆုတ်ပေးလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

ဘဝကိုစားသော ကိန်းဂဏန်းများ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတာကတော့ စစ်တပ် ဝါဒဖြန့်ဇာတ်ကားအများအပြားကို အောင်မြင်အောင် ရိုက်ကူးနိုင်ခဲ့တဲ့၊စောင်နီလေးတထည်နဲ့ အကယ်ဒမီပါရခဲ့တဲ့၊ လက်ရှိလည်း စစ်ကောင်စီအရာရှိတဦးဖြစ်တဲ့ တင်အောင်စိုး(ပန်းမြို့တော်)ဖြစ်ပါတယ်။ ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)ဟာ မြဝတီမဂ္ဂဇင်း၊ မြဝတီရုပ်မြင်သံကြားတို့မှာ တာဝန်ထမ်းဆောင်ခဲ့၊ ထမ်းဆောင်ဆဲ စစ်ကောင်စီ အရာရှိတဦးပါ။

သူ စစ်တပ်အတွက် ဝါဒဖြန့်တဲ့နေရာမှာ သူ့ရှေ့က စစ်တပ်ရဲ့ လက်ကိုင်တုတ် ဝါဒဖြန့်ဒါရိုက်တာတွေဖြစ်တဲ့ တင်သန်းဦးတို့ စင်ရော်မောင်မောင်တို့ထက် ပိုပြီးပါးနပ်တယ်။ ပြည်သူ့ဘဏ္ဏာငွေတွေနဲ့ ရိုက်တာဆိုတော့ ဖောချင်းသောချင်းသုံးတယ်။ ပရိသတ်ကြိုက်အောင်ရိုက်ပြတယ်။

သရုပ်ဆောင်တွေအနေနဲ့ စစ်ကောင်စီရဲ့ ဝါဒဖြန့်အနုပညာ လုပ်ငန်းမှန်သမျှ အားကြိုးမာန်တက် မပါမဖြစ် ဆောင်ရွက်ပေးတတ်တဲ့ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ ခိုင်နှင်းဝေတို့လည်း ထိပ်ဆုံးက ပါဝင်ပါတယ်။

အာဏာသိမ်းကာလအစောပိုင်းမှာ “ဒီတိုက်ပွဲမအောင်မချင်းတိုက်မယ်” “အရေးတော်ပုံအောင်ရမည်”စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြဖူးတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်လည်း အဓိက နေရာက ပါဝင်ထားပါတယ်။ သူတင်မက သူ့တပည့် သွက်လက်လည်း ပါပါသေးတယ်။

ဆုပန်ထွာ၊ ကြည်စိုးထွန်းသား ချမ်းသာကြည်စိုး၊ ထက်အောင်ရှိုင်း၊ တေဇလင်းရောင်၊ တေဇာကျော်၊ ဟင်နရီစံ၊ ဝေလာရီ၊ စုလင်းရှိန်၊ ထွန်းပုလဲရတနာ၊ ချိုမဒီသွင်တို့လည်း ပါဝင်ပါတယ်။

ဇာတ်လမ်းကတော့ ခေတ်စားနေတဲ့ ကျားဖြန့်လိမ်လည်မှုတွေကို ရိုက်ပြထားတာတွေ့ရတယ်။ ပြင်ပလောကမှာ ပြည်သူတွေ နေ့စဥ်နဲ့အမျှ လိမ်လည်ခံနေရ၊ ငွေတွေများစွာ ဆုံးရှုံးနေရပြီး ကူသူကယ်သူမဲ့နေပေမဲ့ ဇာတ်ကားထဲမှာတော့ ရဲတပ်ဖွဲ့က တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးလိုက်နိုင်တယ်ဆိုပြီး လိမ်လည် ဝါဒဖြန့်ကြမှာပါ။ လက်တွေ့မှာ ပြည်သူကိုဖမ်းဆီး၊ သတ်ဖြတ်၊ ခေတ်ပျက်နေချိန် ငွေရှာကောင်းနေကြတဲ့၊ မတရားမှုမှန်သမျှ ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဟာ ရုပ်ရှင်ထဲမှာတော့ ဟီးရိုးတွေအဖြစ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဘဝကိုစားသော ကိန်းဂဏန်းများ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို လာမယ့် စက်တင်ဘာ ၁၆ ရက်နေ့ ညနေမှာ သမ္မတရုပ်ရှင်ရုံမှာ press show ပြမှာဖြစ်ပါတယ်။ ပြည်သူ့အတွက်ဆိုတဲ့ အနုပညာရှင်တွေဟာ သူတို့ကို ထမင်းအိုးတည်ပေးခဲ့တဲ့ ပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲ၊ နည်းမျိုးစုံနဲ့ သတ်ဖြတ်၊ ဖမ်းဆီး၊ မီးရှို့တာတွေလုပ်ခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီအတွက် ရယ်ရယ်မောမောနဲ့ ပွဲလာတက်ကြဦးမှာပါ။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စင်းခန်းတံတား(ကားလမ်း၊ ရထားလမ်းပါ ဧရာ၀တီမြစ်ကူးတံတား)ကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်နေပေမဲ့ အခြေအနေဟာ ပြောင်းပြန် အနေအထားဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဆက်လက်စိုးမိုးထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ် အခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ PDF ဇိုလဲန်း တပ်ဖွဲ့ဝင်တွေ စစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဘူးလို့ PDF ဇိုလဲန်း စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။