Connect with us

Hi, what are you looking for?

သတင်း

ကိုရီးယားနှင့် ဂျပန်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း ဆန္ဒပြ

တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းယနေ့ (စက်တင်ဘာ ၁၄) ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ-CJ

စက်တင်ဘာ-၁၄၊၂၀၂၅။သုည/People’s Spring

တောင်ကိုရီးယားနှင့်ဂျပန်နိုင်ငံတို့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံကြောင်းနှင့် စစ်အာဏာသိမ်းမှုအလိုမရှိကြောင်းယနေ့ (စက်တင်ဘာ ၁၄) ဆန္ဒပြခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ ဂင်မဲမြို့တွင် ပြည်ပရောက် မြန်မာများက စစ်အာဏာသိမ်းမှုအလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲနှင့် နွေဦးတော်လှန်ရေးထောက်ပို့နိုင်ရေးဖလား ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

ယင်းဆန္ဒပြပွဲတွင် နွေဦးတော်လှန်ရေးတက်ကြွလှုပ်ရှားသူဒယ်ဂူးဘုန်းဘုန်းက ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူလူထုများကို စောင့်ရှောက်ရမည်ဖြစ်သည့်အတွက် စွမ်းနိုင်ရာဖြင့် ထောက့်ပို့ပေးပြီးကုလသမဂ္ဂ UN သံအမတ်ကြီးဦးကျော်မိုးထွန်း မြန်မာကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန်၊ ထောက်ခံပေးရန်ကိုလည်း ပြည်တွင်း၊ ပြည်ပရှိ မြန်မာများကို တိုက်တွန်းစကားမိန့်ကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံ တိုကျိုရှိ လူစည်ကားရာ Shibuyaဘူတာရှေ့တွင်လည်း ပြည်ပရောက် မြန်မာများက ပြည်သူများ၏ ဆန္ဒနှင့်အသံကို ကိုယ်စားပြုနေသည့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ပေးရန်အတွက် ဆန္ဒထုတ်​ဖော်ခဲ့ကြသည်။

ဂျပန်နိုင်ငံရောက်မြန်မာများက “Our UN Ambassador U Kyaw Moe Tun, The True Voice of Myanmar” ၊Our Ambassador Our Voice” စသည့် စာသားများကို ကိုင်ဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းကိုထောက်ခံကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ကျူးလွန်တယ်ဆိုတဲ့ သံသယရှိသူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်နိမိတ်အတွင်း ရောက်ရှိလာချိန်မှာ အရေးယူဆောင်ရွက်နိုင်တဲ့ အစီအမံများ ထည့်သွင်းထားခြင်းအပေါ် ကြိုဆိုကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံကို အလုံးစုံပျက်စီးဆုံးရှုံး ယိုးယွင်းမှုထဲ တွန်းချခဲ့တဲ့ စစ်အုပ်စုဟာ နျူကလီးယား နည်းပညာကို ငြိမ်းချမ်းသော အရပ်ဖက်အသုံးပြုမှုအတွက် အသုံးပြုမှာမဟုတ်ဘူးလို့ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂမှာ ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ငါတို့ရဲ့သံအမတ်ကြီးသည် ငါတို့မြန်မာပြည်ရဲ့အသံဖြစ်သည်" ကြွေးကြော်ကာ သံအမတ်ကြီးဦးကျော်မိုးထွန်း ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၂)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းကိုလက်ရှိတာဝန်များအတိုင်းဆက်လက်ခန့်အပ်ရန် တောင်းဆိုစာကို ထောက်ခံသူစာရင်း၌ ပါဝင်ပေးရန် New York City Burmese Community (NYCBC)ကတောင်းဆိုထားသည်။