Connect with us

Hi, what are you looking for?

သတင်း

မြို့နယ် ၃ခုမှာ လေကြောင်းရန်ကာကွယ်ရေးအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ပေးနေကြောင်း MDY PDF အသိပေး

မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

တည်ဆောက်ခဲ့တဲ့ တံတားတစင်း၊ တူးဖော်ထားတဲ့ ဗုံးခိုကျင်းများ၊ စစ်ဘေးရှောင်များအား လှူဒါန်းနေစဥ်။ ဓါတ်ပုံ-MDY PDF

စက်တင်ဘာ-၁၅၊ ၂၀၂၅။ ဇေအောင်/People’s Spring

မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မန္တလေး PDF ဟာ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ ပြည်သူတွေ လေကြောင်းရန်အန္တရာယ်ကာကွယ်ဖို့အတွက် အရေးပေါ်ဗုံးခိုကျင်း(Public Shelter)အများအပြားကိုလည်း ဆောက်လုပ်ထားပြီး ဆက်လက်ပြီးလည်း တိုးမြှင့်ဆောက်လုပ်သွားဖို့ ပြင်ဆင်ထားကြောင်း အသိပေးပါတယ်။

ဒါ့အပြင် မန္တလေး PDFဟာ သပိတ်ကျင်းမြို့နယ် ကွင်း(၃၀)ကျေးရွာရှိ ရွာအဝင်တံတားပြုပြင်တည်ဆောက်ရာမှာ မတည်ငွေထည့်ဝင်ပြီး ရွာသူရွာသားတွေနဲ့ပါ စုပေါင်းပြုပြင်တည်ဆောက်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတွင်း မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကိုလည်း စဉ်ဆက်မပြတ် ကူညီဆောင်ရွက်နေတယ်လို့လည်း ပြည်သူကာကွယ်ရေးတပ်မတော်(မန္တလေး)က အသိပေးပါတယ်။

မန္တလေး PDFဟာ လာမယ့် ကာလတွေမှာ စစ်ဆင်ရေးတွေနဲ့အတူ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကိုလည်း အရှိန်ပိုမြှင့်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

MDY PDFနဲ့ တော်လှန်ရေးအဖွဲ့တွေဟာ သပိတ်ကျင်းမြို့နယ်နဲ့ စဥ့်ကူးမြို့နယ်တွေကို တနယ်လုံး၊ မတ္တရာမြို့နယ်ထဲက နေရာတချို့ကို ​ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက သိမ်းပိုက်ခဲ့ပါတယ်။ စစ်ကောင်စီဟာ စက်တင်ဘာ ဒုတိယပတ်အတွင်းမှာ မတ္တရာနဲ့ သပိတ်ကျင်းမြို့နယ်ထဲကို လေကြောင်းအပါအဝင် လက်နက်ကြီးနဲ့ပါ တိုက်ခိုက်မှုတွေပြုလုပ်လို့ ပြည်သူထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေ တိုးလာတဲ့နောက် မြို့တော် မော်စကိုရဲ့ အထပ်မြင့် တိုက်ခေါင်မိုးတွေမှာ ရုရှားက လေကြောင်း ကာကွယ်ရေး စနစ်တွေ အလျင်အမြန် တိုးချဲ့ တပ်ဆင်နေကြောင်း သိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF ၊ အထူးလှုပ်ရှားတပ်မက ဒု-နည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော် (၁)ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် (၄)ဦး၊ ရဲဘော် (၅) ဦး နဲ့ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားတဲ့ ရဲဘော်တွေကို ကနဦးအနေနဲ့ အမည်ပျက်စာရင်းတင်သွင်းပြီး ပြစ်မှုအပေါ်မူတည်ပြီး ချမှတ်ထားတဲ့...

သတင်း

အာဏာသိမ်းစစ်ကောင်စီလေတပ်က စစ်ကိုင်းတိုင်းကိုပစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့် လူစုလူဝေးတွေ မပြုလုပ်ဖို့နဲ့ ဗုံးခိုကျင်းတွေ တူးထားကြဖို့ တန့်ဆည်မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့က ဒီဇင်ဘာလ ၁၉ရက်မှာ အသိပေးတိုက်တွန်းလိုက်ပါတယ်။

သတင်း

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။