Connect with us

Hi, what are you looking for?

သတင်း

ဒုနည်းဗျူဟာမှူးနဲ့တပ်ရင်းမှူးအဆင့်နဲ့ စစ်တပ်ထံ အညံ့ခံသွားတဲ့ ရဲဘော်တွေကို MDY PDF အမည်ပျက်စာရင်းသွင်း၊ မျက်ကွယ် ပြစ်ဒဏ်ချမှတ်

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF ၊ အထူးလှုပ်ရှားတပ်မက ဒု-နည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော် (၁)ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် (၄)ဦး၊ ရဲဘော် (၅) ဦး နဲ့ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားတဲ့ ရဲဘော်တွေကို ကနဦးအနေနဲ့ အမည်ပျက်စာရင်းတင်သွင်းပြီး ပြစ်မှုအပေါ်မူတည်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းများနဲ့ အညီ မျက်ကွယ်ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ပါတယ်။

မေ ၂၃၊ ၂၀၂၆။ ထားမြတ်၊မေရီ/People’s Spring

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)- MDY PDF ၊ အထူးလှုပ်ရှားတပ်မက ဒု-နည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော် (၁)ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် (၄)ဦး၊ ရဲဘော် (၅) ဦး နဲ့ ရန်သူ့ထံ လက်နက်ချ အညံ့ခံသွားတဲ့ ရဲဘော်တွေကို ကနဦးအနေနဲ့ အမည်ပျက်စာရင်းတင်သွင်းပြီး ပြစ်မှုအပေါ်မူတည်ပြီး ချမှတ်ထားတဲ့ စည်းမျဉ်း၊စည်းကမ်းများနဲ့ အညီ မျက်ကွယ်ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့တယ်လို့ MDY PDF က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးရဲ့ ခက်ခဲကြမ်းတမ်းသော (၅)နှစ်ကျော်ကာလအတွင်း စစ်ဆင်ရေးတာဝန်များနဲ့ တပ်တည်ဆောက်ရေးကိစ္စများကို အားသွန်ခွန်စိုက် ထမ်းဆောင်နေစဉ် တပ်မရှိ ရဲဘော်အချို့ဟာ တပ်ဖွဲ့ပိုင်ပစ္စည်းများနဲ့ ဘဏ္ဍာငွေများကို ယူဆောင်သွားပြီး တပ်မကိုစွန့်ခွာသွားတာ၊ ၊ စစ်ဆင် ရေးနယ်မြေကို စွန့်ခွာသွားတာ စတဲ့ ပြစ်မှုတွေ ကျူးလွန်ခဲ့ကြတဲ့ အပေါ် အခုလို အရေးယူခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလို အရေးယူဖို့ ဧပြီ ၁၆ ရက်မှာ ကျင်းပခဲ့တဲ့ တပ်မရဲ့ စစ်ဦးစီးအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အထူးလှုပ်ရှားတပ်မဟာ စတင်ဖွဲ့စည်းတဲ့ချိန်ကစ၍ ယနေ့အချိန်အထိ “နွေဦးတော်လှန်ရေး”ရဲ့လက်နက်ကိုင်တော်လှန်ရေးကဏ္ဍတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှပါဝင်၍ တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ပြီး တော်လှန်ရေးတာဝန်များကို ထမ်းဆောင်စဉ်မှာ အာဏာရှင်စနစ်ဆုံးခန်းတိုင် ကျဆုံး စေရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး ခိုင်မာတဲ့ ခံယူချက်၊ မလျှော့သော ဇွဲလုံ့လတို့နဲ့ ပါဝင်နေကြောင်းလည်း ထုတ်ပြန်ပါတယ်။

ပြည်သူကို ဦးထိပ်ပန်ဆင်တဲ့ အခြေခံသန္ဓေစိတ်ဓာတ်ဟာ ဘယ်လိုအခြေအနေ၊ အခက်အခဲ၊ အတား အဆီးများရှိပါစေ အားမလျော့သွားစေရေးမှာ အထူးလှုပ်ရှားတပ်မရှိ ရဲဘော်တွေအားလုံးရဲ့ စိတ်နှလုံးမှာ ကိန်းအောင်းတည်ရှိနေမယ်လို့ ဖော်ပြခဲ့ထားပါတယ်။

ဒါ့အပြင် စစ်ဆင်ရေးတာဝန်တွေ အပြင် တပ်မရှိ ရဲဘော်တွေအားလုံးရဲ့ COC နှစ်ရပ်လိုက်နာဆောင်ရွက်နိုင်စွမ်းကို စဉ်ဆက်မပြတ်မြှင့်တင်ရေး လိုအပ်တဲ့ မွမ်းမံဖြည့်တင်းခြင်းကိစ္စများကိုလည်း ဆောင်ရွက်လျှက်ရှိဟု MDY PDFက အစီရင်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းဆောက်လုပ်တဲ့လုပ်ငန်းတွေအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်းက PDF စိုးမိုးနယ်မြေတွေမှာမူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့လို့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေပြီး ​မေလ ၂၆ ရက်ညပိုင်းအထိ တိုက်ပွဲ တွေဖြစ်ပွားနေ တယ်လို့ တော်လှန်ရေးတပ် တွေဆီကသိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၅) သင်တန်း မှတ်တမ်းပုံရိပ်​တွေကို ဇန်နဝါရီ၁၀မှာ ထုတ်ပြန်ပါတယ်။

Facebook