Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့လယ်က ဖုန်းဆိုင်တခု ဖောက်ထွင်းခံရ

မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့ မိုဘိုင်းဖုန်းဆိုင်တခုဖောက်ထွင်းခံရပြီးဆိုင်ကယ် ၂ စီးအပါအဝင် ဖုန်းအပိုပစ္စည်းများ ဆုံးရှုံးခဲ့ပါတယ်။

Screenshot

စက်တင်ဘာ-၁၇၊၂၀၂၅။မေရီ/People’s Spring

မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့ မိုဘိုင်းဖုန်းဆိုင်တခုဖောက်ထွင်းခံရပြီးဆိုင်ကယ် ၂ စီးအပါအဝင် ဖုန်းအပိုပစ္စည်းများ ဆုံးရှုံးခဲ့ပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက် မနက် ၃ နာရီခွဲခန့်က မန္တလေးမြို့လယ်ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်၊၃၈လမ်း ၇၁လမ်းနဲ့ ၇၂လမ်းကြားက ဗန္ဓုလမိုဘိုင်းလ်ဆိုင် ဖောက်ထွင်းခံရတာပါ။

အဲဒီဖုန်းဆိုင်ထဲကသိန်း(၃၀)ကျော်တန်တဲ့ ဆိုင်ကယ်(၂)စီး၊ Bluetooth Boxအပါအဝင် Internet WiFi Router တွေနဲ့ တခြားပစ္စည်း​တွေ ခိုးယူသွားကြောင်း ဖုန်းဆိုင်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ဆိုင်ကထုတ်ပြန်တဲ့ CCTV မှတ်တမ်းမှာတော့ ပုဆိုးဝတ်ထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတဦးဟာ ခြံဝင်းတံခါးတိုင်ကနေကျော်ဝင်လာပြီး CCTV ကင်မရာကို တခုခုနဲ့ကာလိုက်ပါတယ်။ ကာတဲ့ပစ္စည်းက ပြုတ်ပြုတ်သွားပြီး အဲဒီအမျိုးသားဟာ ဝင်းတံခါးက သော့ကိုဖျက်နေခဲ့ပါတယ်။

ဝင်းတံခါးပွင့်သွားချိန်မှာတော့ အဲဒီလူဟာ ဆိုင်ထဲကို အနွေးထည်ကို ခေါင်းပေါ်အထိတင်ပြီးဝင်ခဲ့ပါတယ်။ အဲဒီနောက် Accessories ကောင်တာကို ဝင်မွှေ၊ ဆိုင်ကယ်သော့အုံကိုဖြုတ်၊ သံဘာဂျာတံခါးကို ခပ်ဖြည်းဖြည်းဆွဲဖွင့်ပါတယ်။ ဆိုင်ကယ်ကိုတွန်းယူသွားပြီး ဆိုင်ထဲထပ်ဝင်ကာ အခြားပစ္စည်းတွေ ခိုးယူသွားတာတွေ့ရပါတယ်။

“သူခိုးထက်ဆိုးတဲ့ ဖောက်ထွင်း ဝိဇ္ဇာတွေပါ။ခုက သော့ဖျက်ပြီးခိုးတဲ့ဖောက်ထွင်းရေးသမားတွေပါ။ကြိုတင်လေ့လာထားပြီး ညဘက်လူမရှိမှန်း သိလို့ တမင်လာပြီး ဖောက်ထွင်းခိုးယူတာပါ။”လို့ မြို့ခံတဦးက မှတ်ချက်ပြုပါတယ်။

အခိုးခံရတဲ့ဆိုင်နေရာဟာတက္ကသိုလ်လေ့ကျင်ရေးတပ်နဲ့ နှစ်ပြသာ ကွာဝေးပြီး စစ်​ကောင်စီတပ်ကစစ်သား​တွေ တပ်စွဲထားတဲ့ ဝန်ထမ်းလိုင်းခန်းတွေနဲ့လည်း နီးကပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

CCTV မှတ်တမ်းမှာပါရှိသူနဲ့ ခိုးရာပါပစ္စည်းတွေကို တွေ့ရှိပါက အမြန်ဆုံးဆက်သွယ် အကြောင်း ကြားပေးပါဖို့နဲ့ တွေ့ရှိပါကအထူးကျေဇူးဆပ်မယ်လို့ အဆိုပါမိုဘိုင်းဖုန်းဆိုင်က မေတ္တာရပ်ခံထားပါတယ်။

မန္တလေးမြို့မှာ လုယက်ခိုးယူမှုတွေ မကြာခဏ ဖြစ်ပွားနေသလို ဆိုင်တွေလည်း ဖောက်ထွင်းခိုးယူခံနေရပါတယ်။ စစ်အုပ်စုဟာ ညပိုင်းမှာလည်း လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေပေမဲ့ သူခိုးတွေကိုတော့ ဖမ်းဆီးအရေးယူနိုင်တာသိပ်မရှိပါဘူးလို့ ​ဒေသခံအချို့က​ပြောပါတယ်။

မန္တလေးမြို့လယ်ကဖုန်းဆိုင်တခုဖောက်ထွင်းခံရ စက်တင်ဘာ-၁၇၊၂၀၂၅။မေရီ/People's Spring မန္တလေးမြို့လယ်ကတံခါးနှစ်ထပ်ခတ်ထားတဲ့…

Posted by People's Spring on Tuesday 16 September 2025

ရုပ်သံ-ဗန္ဓုလမိုဘိုင်းလ်ဆိုင်

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။