Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်လက်နက်ကြီးကျည် ကလေးများကစားနေသည့်နေရာအနီး ကျပေါက်ကွဲ၍ တဦးသေဆုံး၊ လေးဦး ဒဏ်ရာရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ (စက်တင်ဘာ ၁၇ရက်) ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကလေးငယ်များကစားနေသည့် နေရာအနီး ကျရောက်ပေါက်ကွဲ၍ (၉)နှစ်အရွယ် ကလေးတဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

စစ်ကောင်စီတပ်မှ လေကြောင်းမှ ဗုံးကြဲခြင်း၊လက်နက်ကြီးဖြင့်ပစ်ခတ်မှု ၊ဒရုန်းဖြင့်ဗုံးကြဲမှုတို့မှာ ပြည်သူများကို အဓိကသေဆုံးနေစေသည်။ ဓာတ်ပုံ-စစ်ကောင်စီ

စက်တင်ဘာ-၁၇၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ (စက်တင်ဘာ ၁၇ရက်) ညနေ ၄နာရီခန့်က စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကလေးငယ်များကစားနေသည့် နေရာအနီး ကျရောက်ပေါက်ကွဲ၍ (၉)နှစ်အရွယ် ကလေးတဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ဖားကန့်ဗျူဟာကုန်းမှ ပစ်ခတ်သောလက်နက်ကြီးကျည်သည် ဆိပ်မူကျေးရွာသို့ ကျရောက်ပေါက်ကွဲခြင်းဟု ဒေသခံတဦးကပြောသည်။

” ဗျူဟာကုန်းကနေ ဆက်တိုက်ကိုပစ်နေတာ။ အခုကျတဲ့နေရာက တိုက်ပွဲနဲ့ဝေးပါတယ်။ ညနေဘက် ကလေးတွေကစားနေတဲ့နေရာကိုကျတာဗျာ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသည့်ကလေးငယ်မှာ (၉)နှစ်အရွယ်ရှိပြီး ဒဏ်ရာရသူ လေးဦးအနက် နှစ်ဦးပြင်းထန် သည်ဟု သိရသည်။

အင်အား ၁၀၀၀ကျော်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်မြို့သို့ အသုတ် လိုက်ဝင်ရောက်လာပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

ထို့အပြင် ယခုရက်ပိုင်းတွင် ဆန်းကြွယ်ကျေးရွာအနီး တိုက်ပွဲပြင်းထန်နေသည်။

စစ်ကောင်စီတပ်စစ်ကြောင်းများသည် ဖားကန့်ဗျူဟာ၊ လုံးခင်းမိုင်းချက်စက်ရုံတို့အပြင် မော်ဝမ်းလေး၊ မော်ဝမ်းကြီး၊ မော်မောင်းလျှံ၊ အမှိုက်ပုံ၊ တောင်ပြို၊ ရှရော်ခ၊ မှော်တောင်း၊ ဆန်းကြွယ်နှင့် ယူမာကျေးရွာတို့၌ရှိနေသည်။

ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများဖြစ်နေသလို မိုင်းဆွဲတိုက်ခိုက်မှုများလည်းရှိနေသည်ဟု KIA၊KPDF နှင့် နီးစပ်သူတဦးက ပြောသည်။

လက်ရှိစစ်ရေးအခြေအနေအရ စစ်ကောင်စီတပ်လက်နက်ကြီးအန္တရာယ်နှင့် မြေပြင် စစ်ကြောင်းအန္တရာယ် အထူးသတိပြုရန် KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကသတိပေးထားသည်။

” ထိပ်တိုင်ရင်ဆိုင်တိုက်ပွဲက ပြည်သူလူထုအတွက် တော်သေးတယ်။ လက်နက်ကြီးအန္တရာယ်က လူထုအတွက် စိတ်ပူစရာအကောင်းဆုံးပဲ”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထိုအပြင် ဒေသတွင်း၌ တိုက်ပွဲဖြစ်ပါက လုံခြုံသည့်နေရာတွင် ပုန်းခိုရန်၊ စစ်ကြောင်းများ ရောက်လာပါက ထွက်မကြည့်ကြရန်လည်း ၎င်းက တိုက်တွန်းသည်။

လက်ရှိတွင် စစ်ရေးတင်းမာ‌နေသော ကျေးရွာများမှ ဒေသခံများသည် စစ်ကြောင်းသတင်းနားစွင့်ကာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်မြို့သို့ စစ်ကောင်စီတပ်စစ်ကြောင်းများ ဝင်ရောက်လာပြီး‌နောက် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် မိုင်းပေါက်ကွဲမှုများကြောင့် ၃လခန့်အတွင်း အရပ်သားသေဆုံးသူဦးရေ ၅၀ဦးခန့်ရှိနေပြီ ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook