Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ကို စစ်ကောင်စီ လေကြောင်းထပ်မံတိုက်ခိုက်

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့်ပြည်သူတဦးသေဆုံးပြီးနောက်တရက် ယနေ့( စက်တင်ဘာ၁၈ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စက်တင်ဘာ၁၈ရက် နံနက်က ဆိပ်မူကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ (Tarlin mg)

စက်တင်ဘာ−၁၈၊၂၀၂၅။လူအေး/People’s Spring

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်တွင်စစ်ကောင်စီတပ်ပစ်ခတ်သည့်လက်နက်ကြီးကြောင့်ပြည်သူတဦးသေဆုံးပြီးနောက်တရက် ယနေ့( စက်တင်ဘာ၁၈ရက်) နံနက်ပိုင်းကလည်း စစ်ကောင်စီကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ယမန်နေ့ ည‌နေ ၄နာရီခန့်က ဆိပ်မူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်ခြင်းဖြစ်ပြီး (၉)နှစ်အရွယ်ကလေးတဦး သေဆုံးကာ လေးဦးဒဏ်ရာရခဲ့သည်။

ထို့နောက် ယနေ့(စက်တင်ဘာ ၁၈ရက်) နံနက် ၁၂ နာရီကျော်တွင် ဆိုင်းတောင်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲခြင်းဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

ကျောက်စိမ်းတူးဖော်သည်ကုမ္ပဏီလုပ်ကွက်တခုအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်မှုမရှိကြောင်း ၎င်းက ပြောသည်။

” ဖားကန့်မှာ တိုက်ပွဲတွေက ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။ အရပ်သားတွေအတွက်က အန္တရာယ်ကြီးတဲ့အခြေအနေဖြစ်ပါတယ်။ ဘေးလွတ်ရာမှာနေနိုင်ဖို့လိုပါတယ်”ဟု ကချင်ဒေသကာကွယ်ရေးတပ်(KPDF)နှင့် နီးစပ်သူတစ်ဦးကပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်သံများ၊ ပေါက်ကွဲသံများ မကြာခဏခြားနေရသည်ဟု ဒေသခံများကပြောသည်။

အင်အား ၁၀၀၀ကျော်ပါဝင်သည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ပြီးခဲ့သည့် ဇွန်လဆန်းနှင့် ဩဂုတ်လဆန်းတွင် ဖားကန့်မြို့သို့ အသုတ်လိုက်ဝင်ရောက်လာပြီးနောက် KIA၊KPDF ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။

ဆိုင်းတောင်ရွာသည် KIA ၊KPDF ထိန်းချုပ်ထားသည့်ရွာဖြစ်ပြီး စစ်ကောင်စီက မြေပြင်စစ်ကြောင်းထိုးရန်ကြိုးစားနေသည်ဟု သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။