Connect with us

Hi, what are you looking for?

သတင်း

မြန်မာ-ထိုင်းနယ်စပ်တွင်စိတ်ကြွဆေးပြား ငါးသန်းနီးပါး ဝတပ်ဖွဲ့ဖမ်းမိ၊မူးယစ်ကုန်ကူးသူများကို ရှာဖွေနေဟုဆို

မြန်မာ-ထိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား ၅သန်းနီးပါးသယ်ဆောင်လာသူတစ်ဦးကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးလိုက်ပြီး ထ်ိုအမှု၌ ပါဝင်‌သောမူးယစ်ကုန်ကူးသူများကို ဆက်လက်ရှာဖွေနေကြောင်း UWSA တာဝန်ရှိသူက ထုတ်ပြန်ထားသည်။

UWSA တပ်ဖွဲ့ဝင်များနှင့်ဖမ်းဆီးမိ​သော မူးယစ်​ဆေးသယ်သူ၊မူးယစ်​ဆေးဝါးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- ဦးညီရမ်း​ဖေစ်ဘွခ်

စက်တင်ဘာ၂၁၊၂၀၂၅။လူအေး/People’s Spring

မြန်မာ-ထိုင်းနယ်စပ်တွင် စိတ်ကြွဆေးပြား ၅သန်းနီးပါးသယ်ဆောင်လာသူတစ်ဦးကို “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က ဖမ်းဆီးလိုက်ပြီး ထ်ိုအမှု၌ ပါဝင်‌သောမူးယစ်ကုန်ကူးသူများကို ဆက်လက်ရှာဖွေနေကြောင်း UWSA တာဝန်ရှိသူက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၀ရက် နံနက်က မြန်မာ-ထိုင်းနယ်စပ်၊ ပုံပါကျင်မြို့သို့သွားသည့်လမ်းပေါ်တွင် UWSA တပ်မဟာ ၇၇၅က ဖမ်းဆီးခဲ့ခြင်းဟု UWSA လားရှိုးမြို့အခြေစိုက် ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

သတင်းပေးသူကUWSA တပ်မဟာ ၇၇၅ကတပ်ရင်းမှူးထံအကြောင်းကြား၍ယာဉ်ကို လိုက်ရှာစဉ် မူးယစ်ဆေးကုန်ကူးသူများအား တွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့အားလုံးသည်နယ်စပ်ဘက်သို့ထွက်ပြေးသွား၍ လိုက်ရှာရာ အသက်၃၇နှစ်အရွယ်အမျိုးသားတစ်ဦးကို ဖမ်းမိထားသည်ဟုအသိပေးထားသည်။

Public Service Announcement

Public Service Announcement

စိတ်ကြွဆေးပြား ၄,၇၉၀,၀၀၀ ပြားထည့်ထားသည့် အိတ်၂၃ အိတ်နှင့်အတူ ကားတစ်စီး သိမ်းဆည်းထားကြောင်း ဦးညီရမ်းကအသိ​ပေးထားသည်။

အမှုတွင်ပါဝင်ပတ်သက်သူအရေအတွက်ကိုဖော်ပြထားခြင်းမရှိသေးဘဲ အမျိုးသားတစ်ဦးကိုသာဖမ်းမိထားသည့်အခြေအနေဖြစ်သည်။ ပုံပါကျင်မြို့သည် ရှမ်းပြည်နယ် အရှေ့၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ရှိသည်။

ဝဒေသမှမူးယစ်ဆေးမှုများနှင့်ပတ်သက်၍ UWSA ပါဝင်ပတ်သက်နေကြောင်း စစ်ဆေးမှုများရှိနေသည်။UWSAသည် မူးယစ်ဆေးဝါးထုတ်လုပ်မှုများ၏ နောက်ကွယ်တွင် ရှိနေကြောင်း ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ကစွပ်စွဲခဲ့သည်။ ယင်းပြောဆိုချက်ကို UWSA က ငြင်းဆိုထားပြီး UWSA အနေဖြင့် မူးယစ်ဆေးဝါးကို တိုက်ဖျက်နေပြီး မူးယစ်ကုန်သည်များက ၀ နယ်မြေကို ဖြတ်သန်းသွားမှုများရှိနိုင်ကြောင်းထုတ်ဖော်ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) ထိန်းချုပ်နယ်မြေအတွင်း ခရစ္စယာန် ဘုရားကျောင်းတွေ ယာယီပိတ်သိမ်းမှုနဲ့ပတ်သက်ပြီး UWSP/UWSA ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ဦးညီရန်းက ဩဂုတ် ၁၄ရက်မှာ ရှင်းလင်းချက် ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

သတင်း

အမှတ်(၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၆) ဦးတည်တဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေပြင်းထန်နေတဲ့ ပန်းတောင်းမြို့နယ်မှာ စစ်တပ်ဂိတ်တွေကို အစစ်အဆေးမရှိဖြတ်ကျော်လာတဲ့ စိတ်ကြွဆေးပြား သိန်း ၃၀‌ကျော်ကို အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေက ဖမ်းဆီးနိုင်ခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့က ချောင်းအတွင်း ရေဆင်းကူးရင်း ၉ရက်ကြာ ရေနစ်ပျောက်ဆုံးနေတဲ့ အမျိုးသားလေးဦးအနက် နှစ်ဦးရဲ့ရုပ်အလောင်းကို ဒီကနေ့ နိုဝင်ဘာ ၂၅ရက် မနက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။

Facebook