စျေးဝယ်လာသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု Gene ration Z Power က ယနေ့ ထုတ်ပြန်သည်။
ဖောက်ခွဲမှုဖြစ်စဥ်မှာ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ၄၁လမ်း မိုးကောင်းညစျေး အနီးတွင် လာရောက်စျေးဝယ်သော အင်အားပြည့် စစ်ကားသေးတစ်စီးအား ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှဖောက်ခွဲ တိုက်ခိုက်ခဲဲ့ခြင်းဖြစ် သည်။
နောက်ဆက်တွဲ သတင်းအနေဖြင့် စစ်သားနှစ်ဦးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း Generation Z Power က ဆိုသည်။
ဖောက်ခွဲမှုဖြစ်စဥ်တွင် စစ်ကားအနီးသို့ ရောက်လာသော ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကိုလည်း စိတ်မကောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် စစ်ကောင်စီ တပ်သားများ၏ ရမ်းကားပစ်ခတ်မှု့ကြောင့် ပြည်သူ နှစ်ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် ထိုပြည်သူသုံးဦးအား GZ P က အနူးအညွှတ် တောင်းပန်သည်။
မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများနှင့် ဝေးရာမှ (မီတာ၂၀ခန့်) သွားလာနေ ထိုင်ကြပါရန်လည်း အသိပေးသည်။


















































