Connect with us

Hi, what are you looking for?

News

မန္တ​လေးတွင် ​စျေးဝယ်လာသည့် စစ်​ကောင်စီကားကို ​ဖောက်ခွဲတိုက်ခိုက်ရာ နှစ်ဦး​သေ၊သုံးဦးဒဏ်ရာရ

ဖောက်ခွဲမှုဖြစ်စဥ်တွင် စစ်ကားအနီးသို့ ရောက်လာသော ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကိုလည်း စိတ်မကောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

People's Spring
People's Spring

စျေးဝယ်လာသည့် အကြမ်းဖက်စစ်ကောင်စီကားတစ်စီးကို ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး သုံးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု Gene ration Z Power က ယနေ့ ထုတ်ပြန်သည်။

ဖောက်ခွဲမှုဖြစ်စဥ်မှာ နိုဝင်ဘာ ၂၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျက်မှော်အနောက် ၄၁လမ်း မိုးကောင်းညစျေး အနီးတွင် လာရောက်စျေးဝယ်သော အင်အားပြည့် စစ်ကား‌သေးတစ်စီးအား ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားတပ်ဖွဲ့မှဖောက်ခွဲ တိုက်ခိုက်ခဲဲ့ခြင်းဖြစ် သည်။

နောက်ဆက်တွဲ သတင်းအနေဖြင့် စစ်သားနှစ်ဦးသေဆုံးပြီး သုံးဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး စိုးရိမ်ရကြောင်း Generation Z Power က ဆိုသည်။

ဖောက်ခွဲမှုဖြစ်စဥ်တွင် စစ်ကားအနီးသို့ ရောက်လာသော ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းကိုလည်း စိတ်မကောင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ တပ်သားများ၏ ရမ်းကားပစ်ခတ်မှု့‌ကြောင့် ပြည်သူ နှစ်ဦးခန့်ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် ထိုပြည်သူသုံးဦးအား GZ P က အနူးအညွှတ် တောင်းပန်သည်။

မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီများနှင့် ဝေးရာမှ (မီတာ၂၀ခန့်) သွားလာနေ ထိုင်ကြပါရန်လည်း အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook