Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်က စိတ်ကြွဆေးတွေ သယ်လာတဲ့ စက်လှေတစ်စီးကို ဖူးခက်မှာ ဖမ်းမိ

မြန်မာနိုင်ငံကနေ သယ်ဆောင်လာတယ်ဆိုတဲ့ စိတ်ကြွဆေး တန်တစ်ဝက်လောက်ကို ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်း ကမ်းလွန်ရေပြင်မှာ ကျောက်ချထားတဲ့ စက်လှေတစ်စီးပေါ်မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

ဓာတ်ပုံ - Phuket Marine Police

မြန်မာနိုင်ငံကနေ သယ်ဆောင်လာတယ်ဆိုတဲ့ စိတ်ကြွဆေး တန်တစ်ဝက်လောက်ကို ထိုင်းနိုင်ငံရဲ့ ဖူးခက်ကျွန်း ကမ်းလွန်ရေပြင်မှာ ကျောက်ချထားတဲ့ စက်လှေတစ်စီးပေါ်မှာ ဖမ်းဆီး ရမိခဲ့ပါတယ်။

ချာလောင် ပင်လယ်ကွေ့ ကမ်းရိုးတန်းနားမှာ ရပ်နားထားခဲ့တဲ့ အဲဒီ စက်လှေဟာ ပင်လယ်ပြင်က ရှုခင်းလှပတဲ့ နေရာတွေမှာ အပျော်တမ်း ရေငုပ်သူတွေကို လိုက်ပါ ပို့ဆောင်တဲ့ Elixirဆိုတဲ့ ရေယာဉ်ဖြစ်ကြောင်း စက်တင်ဘာ ၂၆ ရက်နေ့မှာ ထိုင်းရဲတွေက ပြောပါတယ်။

ဖူးခက် ရေကြောင်းရဲဌာန၊ ထိုင်းတော်ဝင်ရေတပ်နဲ့ မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဘုတ်အဖွဲ့တို့ဟာ ဖူးခက်ကျွန်းဆီ ရေကြောင်းကနေ မူးယစ်ဆေးတွေ ခိုးသယ်နေကြောင်း သတင်းအရ Elixirကို စီးနင်း ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ အိတ်ပေါင်း ၂၀ ထဲမှာ ထည့်ပြီး လှေထဲမှာ ဝှက်ထားတဲ့ မက်သာဖက်တမင်း မူးယစ်ဆေးပြား စုစုပေါင်း တန်တစ်ဝက် (၅၀၀ ကီလိုဂရမ်)လောက်ကို ရှာတွေ့ခဲ့တာပါ။ အသက် ၆၁ နှစ်အရွယ်ရှိပြီး ဘတ်လို့သာ နာမည် ဖော်ပြထားတဲ့ ထိုင်းနိုင်ငံသား ရေယာဉ်မှူးဟာ စုံစမ်းစစ်ဆေးရေး အရာရှိတွေ ရောက်လာချိန်မှာ ရေထဲကို ခုန်ချပြီး ထွက်ပြေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်တော့ ရေယာဉ် မျောမသွားအောင် ဆိုင်းထားတဲ့ ကြိုးတစ်ချောင်းပေါ်မှာ သူ့ကို မှီတွယ်လျက်သား ရှာတွေ့ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘတ်က အသက်မျော့မျော့သာ ကျန်တော့ပြီး ဆေးရုံကို ပို့ခဲ့ပေမယ့် သေဆုံးသွားခဲ့ပါတယ်။

ရဲတွေက Elixirပေါ်မှာ လိုက်ပါလာတဲ့ နောက်ထပ် ရေယာဉ် အမှုထမ်း ၃ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။ သူတို့က ဘယ်နိုင်ငံသားတွေလဲ ဆိုတာကိုတော့ လောလောဆယ် မထုတ်ပြန်သေးပါဘူး။

အဲဒီစက်လှေဟာ မြန်မာနိုင်ငံ တောင်ဖက်စွန်းက ကော့သောင်းမြို့ဆီ သွားရောက်ခဲ့ပြီး စိတ်ကြွဆေးပြား ၁ တန်ကို သယ်ဆောင်လာခဲ့တာလို့ ရဲတွေက ပြောပါတယ်။ အဲဒီနောက် ဆာတန်မှာ ရှိနေတုန်း အေးဂျင့် တစ်ယောက်က တန်တစ်ဝက်စာ ဆေးပြားတွေကို လက်လွှဲယူသွားခဲ့ပါတယ်။

နောက်တော့ ဖူးခက်တဝိုက်မှာ မုန်တိုင်းထန်ပြီး လှိုင်းတွေ ကြမ်းနေတာကြောင့် စက်လှေကို ကမ်းခြေနားမှာ ကျောက်ချရပ်နားထားတဲ့ အချိန်မှာ အခုလို အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။ ရဲတွေရဲ့ အဆိုအရ ရေယာဉ်ပေါ်မှာ ကျန်နေတဲ့ မူးယစ်ဆေးတွေကိုတော့ အေးဂျင့် တစ်ယောက်နဲ့ ချိတ်ဆက်ပြီး တတိယ နိုင်ငံတစ်ခုဆီ မှောင်ခို တင်ပို့ဖို့ စီစဉ်ထားခဲ့တာလို့ သိရပါတယ်။

ကော့သောင်းကနေ မူးယစ်ဆေးတွေ စပြီး သယ်လာတဲ့ အချိန်နဲ့ ပမာဏ တစ်ဝက်ကို အေးဂျင့်တစ်ယောက်ဆီ လက်လွှဲပေးခဲ့တဲ့ အချိန်တွေ ဘယ်တုန်းကလဲ ဆိုတာကိုတော့ ရဲတွေက မပြောပါဘူး။ လောလောဆယ်တော့ Elixirကို ကမ်းခြေဆီ ဆွဲယူခဲ့ပြီး ဖြစ်သလို ရေယာဉ် ဝန်ထမ်းတွေကို ချာလောင် ရဲစခန်းဆီ ပို့ဆောင်ပြီး ချုပ်နှောင်ထားကြောင်း သိရပါတယ်။

ကိုးကား: Bangkok Post

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။