Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစိုးရ shutdownကာလမှာ ဝန်ထမ်းတွေ အလုပ်ထုတ်ခံရတာတွေ ရှိလာတော့မယ်လို့ အိမ်ဖြူတော် သတိပေး

ဖက်ဒရယ် အစိုးရ ယန္တရား လည်ပတ်မှုတွေ အများအပြား ရပ်တန့်နေတဲ့ အစိုးရ shutdown ကာလအတွင်း မကြာခင် ဝန်ထမ်းတွေ အများအပြား အလုပ်ထုတ်ပယ် ခံလာရနိုင်တယ်လို့ အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ဖက်ဒရယ် အစိုးရ ယန္တရား လည်ပတ်မှုတွေ အများအပြား ရပ်တန့်နေတဲ့ အစိုးရ shutdown ကာလအတွင်း မကြာခင် ဝန်ထမ်းတွေ အများအပြား အလုပ်ထုတ်ပယ် ခံလာရနိုင်တယ်လို့ အိမ်ဖြူတော်က သတိပေးလိုက်ပါတယ်။

အစိုးရ ဘတ်ဂျတ် အစီအမံ အသစ်အတွက် လွှတ်တော်ထဲမှာ ဆွေးနွေးမှုတွေ အဆင်မပြေခဲ့တဲ့နောက် အောက်တိုဘာ ၁ ရက်နေ့ကစပြီး အမေရိကန် အစိုးရကို shutdown ချလိုက်ရသလို မရှိမဖြစ် မဟုတ်တဲ့ ဖက်ဒရယ် အစိုးရ အေဂျင်စီတွေ၊ အလုပ်ဌာနတွေကို ပိတ်ထားလိုက်ရပါတယ်။

အစိုးရ ဘတ်ဂျတ်အသစ်မှာ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်တွေကို ထည့်သွင်းသတ်မှတ်ပေးဖို့ သင့်မသင့် ဒီမိုကရက်တစ် ပါတီနဲ့ ရီပတ်ဘလစ်ကန် ပါတီကြား အငြင်းအခုံ ဖြစ်ကြရာက ဘတ်ဂျတ် သဘောတူညီမှု အသစ် မရတော့ဘဲ အစိုးရ shutdown ဖြစ်သွားခဲ့တာပါ။ အဲဒီ shutdown ဖြစ်စဉ်ကို အချိန်တိုအတွင်း အဆုံးသတ်စေနိုင်ဖို့အတွက် အောက်တိုဘာ ၁ ရက်နေ့က လွှတ်တော်မှာ ဆွေးနွေးမှုတွေ ဆက်လုပ်ခဲ့တာက မအောင်မြင်ခဲ့ပြန်ပါဘူး။

အထက်လွှတ်တော်ထဲက အတိုက်အခံ ဒီမိုကရက်တစ် ပါတီက ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အစီအမံအတွက် ရန်ပုံငွေတွေကို ဘတ်ဂျတ်အသစ်ထဲမှာ ထည့်သွင်း သက်တမ်း တိုးမပေးရင် အဲဒီဘတ်ဂျတ်ကို မထောက်ခံနိုင်ကြောင်း ငြင်းဆိုနေကြပါတယ်။ ဒါပေမဲ့ အာဏာရ ရီပတ်ဘလစ်ကန် ပါတီကလည်း အစိုးရ ဘတ်ဂျတ်နဲ့ ကျန်းမာရေး စောင့်ရှောက်စရိတ်ဟာ သီးခြားစီ ဖြစ်သင့်တယ်ဆိုတဲ့ အယူအဆကို ဆက်ပြီး ဆွဲကိုင်ထားတာကြောင့် ညှိလို့မရ ဖြစ်နေတာပါ။

Public Service Announcement

Public Service Announcement

လွှတ်တော် အစည်းအဝေးတွေကို အောက်တိုဘာ ၃ ရက်နေ့ထိ ရွှေ့ဆိုင်းထားတာကြောင့် shutdownကို အမြန်ဆုံး ပယ်ဖျက်နိုင်ရေးက လက်တွေ့ မကျတော့ပါဘူး။ ဒီအတောအတွင်း ဖက်ဒရယ် အစိုးရ အမှုထမ်းတွေထဲက အရေအတွက် ၇၅၀၀၀၀ လောက်ဟာ ဆန္ဒမပါတဲ့ ခွင့်သတ်မှတ်မှုကို ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ တခြားတစ်ဖက်မှာတော့ စစ်တပ်၊ လေကြောင်းထိန်းသိမ်းရေးဌာနစတဲ့ မဖြစ်မနေ လုပ်ငန်းလည်ပတ်ရမယ့် အဖွဲ့အစည်းတွေကတော့ လစာ လောလောဆယ် မရသေးဘဲ၊ ဒါမှမဟုတ် ဆိုင်းငံ့ခံရပြီး အလုပ်ဆက်လုပ်နေရမှာ ဖြစ်ပါတယ်။

ထရမ့်ရဲ့ လက်ရုံးတစ်ဦးဖြစ်သူ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်ကတော့ shutdown ကာလအတောအတွင်း အစိုးရ အနေနဲ့ အေဂျင်စီတွေအလိုက် ဘယ်နေရာ၊ ဘယ်အပိုင်းမှာ ဝန်ထမ်းတွေ လျှော့ချလို့ ရမလဲ ဆိုတာကို တစ်ပါတည်း လေ့လာဆန်းစစ်နေမှာ ဖြစ်ကြောင်း၊ ဒီတော့ နောက်ပိုင်းမှာ ဝန်ထမ်းတွေကို အလုပ်ထုတ်မှုတွေ ကြုံလာရတော့မှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အလားတူ ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်ကလည်း အမေရိကန် ပြည်သူတွေ အနေနဲ့ အစိုးရ ယန္တရား ပြန်လည်ပတ်အောင် ဒီမိုကရက်တစ်တွေက ဘာတွေကို လုပ်ပေးသင့်သလဲ ဆိုတာကိုပဲ အာရုံစိုက်သင့်ပြီး အစိုးရဖက်က shutdownကာလမှာ လုပ်သင့်လုပ်ထိုက်တဲ့ နည်းတွေနဲ့ တုံ့ပြန်နေတာကို စောဒက မတက်သင့်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

ဖက်ဒရယ် အစိုးရရဲ့ အသုံးစရိတ်ကို လျှော့ချ ချွေတာဖို့အတွက် ဝန်ထမ်း အများအပြားကို ထုတ်ပယ်မယ် ဆိုတာက ထရမ့်ရဲ့ ရွေးကောက်ပွဲကြို ကတိတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

အမေရိကန် အစိုးရနဲ့ လွှတ်တော်ကြား ဘတ်ဂျတ်ကိစ္စတွေ ညှိမရလို့ shutdown ကိစ္စတွေ ကြုံတာမျိုး အရင်ကလည်း ရှိခဲ့ဖူးပေမယ့် အများစုက ရက်အနည်းငယ် အကြာမှာပဲ ဖြေရှင်း ပြီးစီးသွားတတ်ကြပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်၊ ထရမ့်ရဲ့ ပထမ သမ္မတ သက်တမ်းတုန်းက shutdownကတော့ ၃၅ ရက်ထိ ကြာမြင့်ခဲ့ဖူးပါတယ်။ လက်ရှိ တစ်ကြိမ် shutdownကတော့ ၂၀၁၉ ခုနှစ်တုန်းက ကိစ္စအပြီး ပထမဆုံးအကြိမ် ပြန်လည်ကြုံတွေ့လာတာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို အဆုံးသတ်စေမယ့် ရေတို ကုစားရေး ဘတ်ဂျတ် အစီအမံ တစ်ရပ်ကို လွှတ်တော် နှစ်ရပ်လုံးက မဲခွဲ အတည်ပြုပေးလိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

လက်ရှိ ကြုံနေတဲ့ အစိုးရ ယန္တရား ရပ်တန့်မှု (shutdown)ကို ဖြေရှင်းနိုင်ဖို့ ရေတို ကုစားရေး အဆိုတစ်ရပ်ကို အမေရိကန် အထက်လွှတ်တော်မှာ မဲခွဲ အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရှိ အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှု ရပ်တန့်ပြီး shutdown ဖြစ်နေတာကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် အထက်လွှတ်တော်ထဲမှာ ကနဦး သဘောတူညီမှု ရရှိသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အစိုးရ ယန္တရား လည်ပတ်မှုတွေ ရပ်ဆိုင်းထားရတဲ့ shutdown ဖြစ်စဉ်ဟာ သမိုင်းတလျှောက် အရှည်ကြာဆုံး စံချိန်သစ် တင်ခဲ့ပါတယ်။