Connect with us

Hi, what are you looking for?

News

ကချင်နှင့် ရှမ်းမြောက်တွင် KIA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွား

ကချင်ပြည်နယ် မိုးမောက်မြို့နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တို့တွင် ကချင်လက်နက် ကိုင်အဖွဲ့(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဧပြီမှစ၍ တစ်လနီးပါးကြာတိုက်ပွဲပြင်းထန်ခဲ့သည့် မိုးမောက်မြို့နယ် မြို့သစ်ရွာ အနီးရှိ ဒေသအခေါ် စလောင်းကုန်း အနီးကားလမ်း၌ ယနေ့ နံနက် အစောပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်ဒေသခံ တစ်ဦးက ပြောသည်။

“ အဲဒီအောက် ကားလမ်းမှာဖြစ်တာ။ သူတို့ လာတော့ ထိပ်တိုက်ရင်ဆိုင်မှုဖြစ်တာ။ ဖြစ်တော့ ထိခိုက်ဒဏ်ရာတော့ရှိတာပေါ့။ စလောင်းကုန်းကလည်း အရင်က တပ်က ထိုင်တဲ့နေရာ။ အဲဒီ စခန်းကို KIA က သိမ်းပိုက်ထားတာ အဲဒီမှာ လေယာဉ်နဲ့လာပစ် လက်နက်ကြီးနဲ့ ပစ်ဆိုတော့ ပြန်ရှောင်ပေးထားတဲ့ စခန်း။ အခုတပ်က အဲဒီမှာ ထိုင်ထားတာ” ဟု ၎င်းက ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်လည်း KIAနှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နမ့်ဖက်ကာဒေသခံ တစ်ဦးက ပြောသည်။
“ကျွန်တော်တို့နဲ့ နည်းနည်းဝေးတယ်။ မနက် ၉နာရီလောက်က ဖြစ်တာ။ ရှုခင်းသာမှာ ဖြစ်တာလို့ကြားတယ် ။ နမ့်ဖက်ကာနဲ့ဆိုရင် ၁၀မိုင်လောက်ဝေးတာပေါ့” ဟု ၎င်းက ဆိုသည်။ တိုက်ပွဲဖြစ်ပွားမှု အခြေအနေ အသေးစိတ်ကိုမူ မသိဟု နမ့်ဖက်ကာ ဒေသခံက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KIA အနေဖြင့် စစ်ကောင်စီ၏ တပ်စခန်းများ၊ ရဲကင်းစခန်းများ၊ ရဲစခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဖြင့် ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့သည်။ တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က အထိနာခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများအပြားရှိခဲ့သည်။ စစ်ကောင်စီက နှစ်ပေါင်းသုံးဆယ်ကျော် စခန်းထိုင်ထားသည့် မိုးမောက်မြို့နယ် အလော့ဘွမ်တပ်စခန်းကို KIA က မတ်လ ၂၅ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်ရှိအချိန်ထိ နေရာယူထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။