Connect with us

Hi, what are you looking for?

News

မန္တလေးစည်ပင်ရုံးအနီး ဗုံးကွဲ

စည်ပင်ရုံးအနောက်ဘက်လမ်း ၇၂လမ်းနဲ့ ၂၆လမ်းထောင့်ရှိ အမှိုက်ကန်ကနေပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးအနီးမှာ ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။

စည်ပင်ရုံးအနောက်ဘက်လမ်း ၇၂လမ်းနဲ့ ၂၆လမ်းထောင့်ရှိ အမှိုက်ကန်ကနေပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

“မနက် ၆နာရီလောက်ဆိုတော့ မိုးတောင်သိပ်မလင်းသေးဘူး။ အုန်းဆိုတဲ့အသံတော့ကြားလိုက်ရတယ်။ အဲနားမှာ စစ်သားတွေခြေရှုပ်နေလို့ လမ်းဆက်မလျှောက်တော့ပဲ ပြန်လာခဲ့တာ” လို့ ကျုံးဘေးမှာ မနက်ပိုင်း လမ်းလျှောက်လေ့ရှိသူတစ်ဦးကပြောပြပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေပြုလုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

စည်ပင်ရုံးပတ်လည် လမ်းအချို့နေရာတွေမှာတော့ သွားလာခွင့်ကန့်သတ်ထားတာတွေလည်းရှိပါတယ်။

စည်ပင်ရုံးအဝင်အထွက်နေရာတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ၁၈ရက်တုန်းကလည်း စည်ပင် မြို့တော်ခန်းမတွင်းမှာ အစည်းအဝေးပြုလုပ်နေချိန် အပြင်ဘက်လမ်းမပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ဒေးဝန်းအနောက်ဘက် သင်္ဂဇာချောင်းအနီးမှာအမျိုးသမီးရုပ်အလောင်းကို ဒီနေ့ (စက်တင်ဘာလ ၁၆ ရက်) မနက်ပိုင်းက ဒေသခံတွေတွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

မန္တလေးမြို့လယ်မှာ အာဏာသိမ်းစစ်တပ် တပ်စွဲထားရာနေရာအနီးက နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး ရွှေတွေနဲ့ ငွေသားတွေ ပါသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

Facebook