Connect with us

Hi, what are you looking for?

သတင်း

ပင်လောင်းမြို့နယ်မှာ တိုက်ပွဲဖြစ်နေ

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့စ​စ်ရှောင်ကူညီနေတဲ့သူတွေက ပြောပါတယ်။

၂၀၂၄က ပင်လောင်းမြို့နယ် တောင်မဲသင်းရွာအနီး တိုက်ပွဲဖြစ်ပွားနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၇၊ ၂၀၂၅။ရဲခေါင် /People’s Spring

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊တောင်မဲသင်းကျေးရွာအနီးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်နဲ့စ​စ်ရှောင်ကူညီနေတဲ့သူတွေက ပြောပါတယ်။

ဒီကနေ့(အောက်တိုဘာ ၇ရက်) မနက်ပိုင်းကစလို့ စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်နဲ့ တော်လှန်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာလို့ ဆိုပါတယ်။

“တော်လှန်ရေးအင်အားစုဘက်ကပြန်ပြီးထိုးစစ်ဆင်တယ်လို့ ကြားတယ်။အသံကြီး၊အသံသေး အစုံပဲ။မနက်ကတည်းက လို့ပဲ သိရတယ်”လို့ ရှမ်းတောင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအနီးနားက ကျေးရွာတွေအနေနဲ့ လုံခြုံရေးအထူးဂရုစိုက်ကြဖို့ နဲ့ လူစုလူဝေးလုံးဝမလုပ်ကြဖို့ စစ်ရှောင်အရေးကူညီနေတဲ့ကိုရာဇာက တိုက်တွန်းပါတယ်။

“တိုက်ပွဲဘယ်နေရာမှာပဲဖြစ်ဖြစ် မိမိနေထိုင်ရာ ကျေးရွာနဲ့စစ်ရှောင်စခန်းတွေကို စကမဖက်က အချိန်မရွေး လေယာဥ်နဲ့ဗုံးကြဲခြင်း၊ လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်း အသေခံဒရုန်းဖြင့်ဗုံးကြဲခြင်းများ အချိန်မရွေးပစ်ခတ်တိုက်ခိုက်နိူင်တယ်ဆိုတာ အမြဲသတိရ၊သတိချပ်ကြပါ”လို့ သူက ပြောပါတယ်။

ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုထဲက တောင်မဲသင်း၊ ပင်ပွံ၊ နမ်းနိန်း၊လုံးပျဉ်စတဲ့ကျေးရွာတွေကိုဒေသခံတော်လှန်ရေးတပ်တွေနဲ့ ကရင်နီပူးပေါင်းတပ်တွေကနယ်မြေစိုးမိုးထားခဲ့ပေမယ့်အခုနှစ် စက်တင် ဘာဒုတိယပတ်က စစ်ကောင်စီတပ်နဲ့ PNO ကအင်အားအလုံး အရင်းနဲ့ထိုးစစ်ဆင်ပြီး ပြန်ယူခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ တောင်မဲသင်းရွာတိုက်ပွဲဖြစ်စဥ်နဲ့ပတ်သက်လို့ဒေသခံတော်လှန် ရေးအင်အားစုတွေကို လူထုနွေဦးက ဆက်သွယ်​မေးမြန်းနေဆဲ ဖြစ်ပါတယ်။

ကရင်နီနဲ့ ရှမ်းတောင်နယ်စပ် ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့ဘက်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ် PNO တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားတာတွေကြောင့် ကြိုးကြားတိုက်ပွဲတွေရှိနေတယ်လို့ ကရင်နီအမျိုး သားများကာကွယ်ရေးတပ်(KNDF)က အောက်တိုဘာ ၆ရက်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook