People’s Spring
ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့အတူ ပေါက်ဖွားလာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS)ဟာ ဒီနေ့(အောက်တိုဘာ ၁၄ရက်)မှာ ပါတီဖွဲ့စည်းတည်ထောင်ခြင်း ၃၇ နှစ် ပြည့်မြောက်ခဲ့ပါပြီ။
DPNSရဲ့ ပါတီတည်ထောင်ခြင်း ၃၇နှစ်မြောက်အထိမ်းအမှတ်မှာ ‘ကလိမ်ခြုံရွေးကောက်ပွဲကို တိုက်ဖျက်၊ စစ်သုံးစစ်ကို ချေမှုန်း၊ ပြည်သူ့အောင်ပွဲအရယူကြ’ဆိုတဲ့ ကြွေးကြော်သံကို တွေ့ရပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ စစ်အုပ်စုကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့နိုင်ငံရေးပါတီတွေထဲမှာ DPNS လည်း အပါအဝင်ဖြစ်ပါတယ်။ DPNS ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က စစ်အုပ်စုရွေးကောက်ပွဲဟာ ရွေးကောက်ပွဲလို့ကို ပြောလို့မရဘူးလို့ ဆိုပါတယ်။

Public Service Announcement
မြန်မာပြည်ရဲ့ ဒီမိုကရေစီဟာ မြန်မာပြည်သူလူထု လက်ထဲမှာပဲ ရှိပြီး ပြည်သူလူထုအပေါ်မှာပဲ အခြေခံတယ်လို့ DPNS ဥက္ကဋ္ဌက ရှုမြင်ပါတယ်။ ပြည်သူလူထု ဆုံးဖြတ်ရမယ့်ကိစ္စတွေ၊ ပြည်သူလူထု ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဂျောင်ထိုးပြီး စစ်တပ်က သေနတ်ကိုင်ပြီး ဦးဆောင် ဆောင်ရွက်နေလို့ တိုင်းပြည်မှာ ဒီနေ့အချိန်မှာ ပြဿနာတွေ တက်နေတာလို့ ဦးအောင်မိုးဇော်က ပြောပါတယ်။
တိုင်းပြည်ကို တိုးတက်တဲ့လမ်းပေါ်မှာ တကယ်လျှောက်စေချင်ရင်၊ တိုင်းပြည်ကို တိုးတက်တဲ့လမ်းကြောင်းပေါ်ကို တကယ်တင်ပေးချင်ရင် တိုင်းပြည်မှာ စစ်အုပ်စု လုံးလုံး မရှိမှ ဖြစ်မယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိ မြန်မာပြည် တော်လှန်ရေးအနေအထားက ရှေ့ဆက်သွားဖို့ပဲ ရှိပြီး စစ်အုပ်စုကို တကယ်ပဲ ဘေးကို ကန်ထုတ်ပစ်ဖို့ အရေးကြီးဆုံးဖြစ်တယ်လို့ သူက သုံးသပ်တိုက်တွန်းပါတယ်။
တချိန်တည်းမှာ တော်လှန်ရေးအင်အားစုတွေကြား ပူးပေါင်းဆောင်ရွက်ကြဖို့၊ ညီညွတ်ရေး အလွန်အရေးကြီးတယ်လို့လည်း ဦးအောင်မိုးဇော်က ထောက်ပြပါတယ်။
“တတိုင်းပြည်လုံးကို ကြည့်လိုက်ရင် စစ်အုပ်စုက သေသေချာချာထိန်းသိမ်းနိုင်တဲ့၊ သူတို့ကို မတော်လှန်တဲ့ဒေသဆိုတာ တနေရာမှ…
Posted by People's Spring on Tuesday 14 October 2025
DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို People’s Spring က ဆက်သွယ်မေးမြန်းထားမှုကို ဖော်ပြလိုက်ပါတယ်။

















































