Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့ မြောက်ပိုင်းက ရွာတွေ ဗုံးကြဲခံရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြောက်ပိုင်းကကျေးရွာတွေထဲကို မနေ့ (အောက်တိုဘာ ၂၀ ရက် ) ညနေပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် နဲ့ အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

ဓာတ်ပုံ - ကျ၀့်ပူ/FB

အောက်တိုဘာ – ၂၁ ၊၂၀၂၅ ၊ နိုင်ပကောင်း /People’s Spring

ကရင်ပြည်နယ်၊ကော့ကရိတ်မြောက်ပိုင်းကကျေးရွာတွေထဲကို မနေ့ (အောက်တိုဘာ ၂၀ ရက် ) ညနေပိုင်းက စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ် နဲ့ အဆောက်အဦးအချို့ မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

မနေ့ ညနေပိုင်း ၄ နာရီခန့်က ကော့ကရိတ်မြောက်ပိုင်းက ထီဖိုးစံ၊ မိဖာလယ်၊ ကော့ဖန်ရပ် ကျေးရွာတွေကို Y-12 လေယာဉ်နှစ်စီး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထီးဖိုးစံရွာထဲက နေအိမ်တချို့ ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

” ဗုံးကြဲတာထိတာက ထီဖိုးစံဘုန်းကြီးကျောင်းနားပေါ့၊ ဘုန်းကြီးကျောင်းဝင်းထဲလည်း ကျတာရှိတယ်၊ စာသင်ကျောင်း အုတ်တံတိုင်းထိခိုက်တာရှိတယ်၊ နေအိမ်လည်းထိတယ်” လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာလ အစောပိုင်းက ကော့ကရိတ်မြောက်ဘက်ပိုင်းမှာရှိတဲ့ နဘူး-(တံတားကျိုး)ကော့ကရိတ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်ပြီးနောက် ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေထဲကို ဆက်ပြီးစစ်ကြောင်းထိုးလာခဲ့ရာ KNU ပူးပေါင်းတပ်နဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော့ကရိတ်မြောက်ပိုင်း တိုက်ပွဲကြောင့် မြပတိုင်၊ နန်းကော်တေး၊ လန်ခိုဘိုင်း၊ နောင်းမီ၊ ကော့ဖန်ရပ်၊ ထီဖိုးစံ၊ မိဖာလယ် စတဲ့ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာဒေသတွေဆီ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ကောင်စီတပ်က ကရင်နယ်ခြားစောင့်တပ်(BGF)၊ ခွဲထွက် DKBA အဖွဲ့တို့နဲ့ ပူးပေါင်းပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်​တွေတိုက်ပွဲမှာအထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့နယ်တို့ကို တိုက်လေယာဉ်အုပ်လိုက်နဲ့ ဗုံးကြဲတဲ့အတွက်အထိအခိုက်တွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။