Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်ကို စစ်ကောင်စီ လေကြောင်း ထပ်မံ တိုက်ခိုက်

လေကြောင်းတိုက်ခိုက်လို့ သေဆုံးသူ နာရေးမှာပစ်ခတ်မှုဖြစ်လို့ လူ၂ဦး သေဆုံး

ကန်ပက်လက်ဒေသ စစ်ကောင်စီ လေကြောင်းကနေ ဗုံးကြဲအပြီး မြင်ကွင်း။ ဓာတ်ပုံ - ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန

အောက်တိုဘာ-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို စစ်ကောင်စီက မနေ့က အောက်တိုဘာ ၂၅ရက် ညမှာ လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

အောက်တိုဘာ ၂၄ရက်မနက်က ကန်ပက်လက် မြို့မှာကျင်းပတဲ့ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက် စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာပွဲကို လေကြောင်းဗုံးကြဲခဲ့တဲ့ စစ်ကောင်စီဟာ မနေ့ည ၈နာရီခွဲလောက်မှာ တိုက်လေယာဉ် ၂စီးနဲ့ မြို့အနီးကို ၃ကြိမ်ဗုံးကြဲခဲ့တာလို့ဆိုပါတယ်။

မနေ့ည လေကြောင်းတိုက်ခိုက်မှုကြောင့် အထိအခိုက် ရှိ၊မရှိ သေချာမသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၄ရက်မနက် လေကြောင်းတိုက်ခိုက်မှုမှာ ရဲမေ ၁ဦး အပါအဝင် ၃ဦးထက်မနည်း သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ပြီး မနေ့ည လေကြောင်းတိုက်ခိုက်မှုမှာ ထိခိုက် သေဆုံးမှု ရှိ၊မရှိကို ဆက်လက်စုံစမ်းနေဆဲပါ။

ကန်ပက်လက် စစ်ဦးစီးချုပ်ကတော့ လေကြောင်း တိုက်ခိုက်မှုမှာ ထိခိုက်တာ မရှိဘူးလို့ သတင်းရင်းမြစ်အချို့က ပြောပေမယ့် CDF ကန်ပက်လက် အနေနဲ့ လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေကို သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

” ဟိုနေ့(အောက်တိုဘာ ၂၄ရက် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု)က ဆုံးတဲ့သူရဲ့ အသုဘမှာ CDF ရဲဘော်က ရမ်းပစ်တာလား တမင်လားတော့ မသိဘူး အသုဘထိုင်ကြတဲ့အချိန်ပစ်လို့ ကန်ပက်လက် လူငယ်အမျိုးသားနဲ့ အမျိုးသမီး ၂ဦးဆုံးတယ်။ မနေ့က နေ့ခင်းမှာ ။ လူအများ အသုဘ ထိုင်ကြတဲ့ အချိန် ပစ်တာလို့ ကြားတယ်။ ဘာကြောင့်ဆိုတာ မသိဘူး။ အသုဘလာသူ ၂ဦးသေတယ်”လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ပစ်ခတ်မှု ပြုလုပ်ခဲ့တဲ့ CDF ရဲဘော်ကို အရေးယူတာ ရှိ၊မရှိကို ဆက်လက်မေးမြန်းထားဆဲပါ။

လတ်တလောမှာ ကန်ပက်လက်ဒေသ အပါအဝင် ဒေသတွင်းမှာ စတားလင့် အင်တာနက်၊ Icom ဆက်သွယ်ရေးစက် တွေကို ကန့်သတ်ပိတ်ထားလို့ သတင်းတွေ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ချင်းပြည်နယ် ကန်ပက်လက်၊ မင်းတပ်၊ မတူပီစတဲ့ ချင်းညီနောင်နဲ့မဟာမိတ်တွေ သိမ်းထားတဲ့ မြို့တွေကို လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။