Connect with us

Hi, what are you looking for?

News

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီကို ဖိအားပေးရေးနည်းလမ်းရှာမယ်

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ခွင့်ပြုပေးရေး နည်းလမ်းတွေကိုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့ တောင်အာရှခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး ဖိအားပေးဖို့ နည်းလမ်းတွေ ဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြားရေးလက်ထောက်ဝန်ကြီး Daniel J. Kritenbrink ဟာ နိုဝင်ဘာ ၂၇ ကနေ ဒီဇင်ဘာ ၄ရက်အထိ ဂျာကာတာ၊ ကွာလာလမ်ပူ၊ စင်ကာပူနဲ့ ဘန်ကောက်တို့ကိုလာရောက်မှာဖြစ်ပြီး ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ မြန်မာ့အရေးထည့်သွင်း ဆွေးနွေးမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ခွင့်ပြုပေးရေး နည်းလမ်းတွေကိုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး Daniel J. Kritenbrinkဟာ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်ဆိုင်ရာ သံအမတ်ကြီးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

တိုင်းရင်းသားတော်လှန်ရေးအုပ်စုတွေနဲ့ မကြာခင်တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ဒီနေ့ ဇွန်လ ၁၀ရက်မှာ ပြောကြားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။