Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်အတွင်း စစ်ကောင်စီကို ဖိအားပေးရေးနည်းလမ်းရှာမယ်

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ခွင့်ပြုပေးရေး နည်းလမ်းတွေကိုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အရှေ့ တောင်အာရှခရီးစဉ်အတွင်း မြန်မာစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး ဖိအားပေးဖို့ နည်းလမ်းတွေ ဆွေးနွေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြားရေးလက်ထောက်ဝန်ကြီး Daniel J. Kritenbrink ဟာ နိုဝင်ဘာ ၂၇ ကနေ ဒီဇင်ဘာ ၄ရက်အထိ ဂျာကာတာ၊ ကွာလာလမ်ပူ၊ စင်ကာပူနဲ့ ဘန်ကောက်တို့ကိုလာရောက်မှာဖြစ်ပြီး ခရီးစဉ်နဲ့ပတ်သက်လို့ သတင်းထုတ်ပြန်ရာမှာ မြန်မာ့အရေးထည့်သွင်း ဆွေးနွေးမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးနဲ့ လူသားချင်းစာနာမှုအကူအညီတွေ နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ ခွင့်ပြုပေးရေး နည်းလမ်းတွေကိုလည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီးရဲ့ အာဆီယံ ၄ နိုင်ငံခရီးစဉ်အတွင်း ဆွေးနွေးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီး Daniel J. Kritenbrinkဟာ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်ဆိုင်ရာ သံအမတ်ကြီးအဖြစ်တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။