Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်းအတွက် Tomahawk ဒုံးကျည်တွေ ထောက်ပံ့ဖို့ လောလောဆယ် မဖြစ်နိုင်သေးကြောင်း ထရမ့်ပြော

လတ်တလောမှာတော့ ယူကရိန်းဟာ အမေရိကန်ဆီက တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေ ရရှိဖို့ မဖြစ်နိုင်လောက်သေးဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ဓာတ်ပုံ - Reuters/File

လတ်တလောမှာတော့ ယူကရိန်းဟာ အမေရိကန်ဆီက တာဝေးပစ် Tomahawk ခရုစ် ဒုံးကျည်တွေ ရရှိဖို့ မဖြစ်နိုင်လောက်သေးဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

အစောပိုင်းတုန်းက ထရမ့်ဟာ NATO စစ်မဟာမိတ် အဖွဲ့ဆီ အမေရိကန်လုပ် အစွမ်းထက် Tomahawk ဒုံးကျည်တွေ ရောင်းချပေးပြီး ယူကရိန်းဆီ ထပ်ဆင့် ပို့ဆောင်တာမျိုး ဖြစ်နိုင်ခြေကို စဉ်းစားထားကြောင်း ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လက ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းပြောခဲ့တဲ့နောက် အဲဒီကိစ္စအပေါ် ထရမ့်က သွေးအေးသွားခဲ့ဟန်ရှိပြီး အိမ်ဖြူတော်မှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို လက်ခံတွေ့ဆုံတော့လည်း Tomahawk ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ မဖြစ်နိုင်သေးကြောင်း ပြောခဲ့ပါတယ်။

အဲဒီ ဒုံးကျည်တွေ ယူကရိန်းဆီ ထောက်ပံ့ပေးလိုက်ရင် စစ်ပွဲကို ပိုပြီး တင်းမာမှု မြင့်တက်လာအောင် အားပေးရာ ရောက်သွားမှာ စိုးရိမ်တယ်လို့ ထရမ့်က ဆိုပါတယ်။ ဇီလန်စကီး အတွက်ကတော့ NATO မဟာမိတ်တွေဆီက အစွမ်းထက် တာဝေးပစ် စစ်လက်နက်တွေ ရရှိရေးဟာ အထူးအရေးပါတဲ့ မဟာဗျူဟာ လိုအပ်ချက်တစ်ခု ဖြစ်နေပါတယ်။

Public Service Announcement

Public Service Announcement

Tomahawkတွေဟာ အကွာအဝေး ကီလိုမီတာ ၂၅၀၀ လောက်ထိ ပျံသန်းနိုင်တာကြောင့် ရုရှားရဲ့ မြို့တော် မော်စကိုထိ ယူကရိန်းက တိုက်ရိုက် ခြိမ်းခြောက်နိုင်မယ့် အဓိပ္ပါယ်ပါပဲ။ ဒါပေမဲ့ ထရမ့်ကတော့ လောလောဆယ်မှာ ယူကရိန်းဟာ Tomahawkတွေ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်လောက်သေးဘူးလို့ နိုဝင်ဘာ ၂ ရက်နေ့မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဖလော်ရီဒါက ပမ်းလ်ဘိချ်မှာရှိတဲ့ ကိုယ်ပိုင် စံအိမ်ကနေ အိမ်ဖြူတော်ဆီ ပြန်ခါနီး သမ္မတ စီးတော်လေယာဉ် Air Force Oneပေါ် အတက်မှာ သတင်းထောက် တစ်ယောက်က အမေရိကန်အနေနဲ့ ယူကရိန်းအတွက် Tomahawk ဒုံးကျည်တွေ ရောင်းချပေးမှာလားလို့ လှမ်းမေးတဲ့အခါ ထရမ့်က လောလောဆယ်တော့ မဖြစ်နိုင်ဘူးလို့ တုံ့ပြန်သွားပါတယ်။ ဒါပေမဲ့လည်း ဒါကို တရားသေ မှတ်ယူမထားသင့်ဘဲ သူစိတ်ပြောင်းချင် ပြောင်းနိုင်တယ်လို့ ထရမ့်က ဆိုပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့တုန်းက အိမ်ဖြူတော်မှာ NATO အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးနဲ့ တွေ့ဆုံတဲ့ အခါမှာ ယူကရိန်းအတွက် Tomahawkတွေ ရောင်းချပေးနိုင်ခြေ အလားအလာကိုလည်း ထရမ့်က ထည့်သွင်း ဆွေးနွေးခဲ့ပါသေးတယ်။

ရုရှားကတော့ အမေရိကန် အနေနဲ့ ယူကရိန်းဆီ Tomahawkတွေ ထောက်ပံ့ပေးဖို့ကို လုံးဝ မစဉ်းစားသင့်ကြောင်း သတိပေးထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဘာသာပြန်ဆောင်းပါး

ယာဘလိုကာ (Yabloko) ပါတီဟာ ရုရှားမှာ ကျန်ရှိနေတဲ့ အဓိက စစ်ဆန့်ကျင်ရေးပါတီဖြစ်ပေမယ့်စက်တင်ဘာရွေးကောက်ပွဲမှာဝင်ပြိုင်ခွင့်ပိတ်ပင်ခံလိုက်ရပါတယ်။ ဒါကြောင့်ရုရှားမှာ စစ်ဆန့်ကျင်ရေးနိုင်ငံရေး ပိုကျဉ်းလာပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုကို ရာထူးက ထုတ်ပယ်ရင် အမှားကြီး မှားလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။