Connect with us

Hi, what are you looking for?

သတင်း

တရုတ်ကအလိုရှိနေတဲ့ ရွှေကုက္ကိုကျားဖြန့်မြို့ အဓိကရင်းနှီးမြှုပ်နှံသူကို ယ​နေ့ည​နေထိုင်းလွှဲပြောင်း​မည်

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

ဓါတ်ပုံ - The Reporter

နိုဝင်ဘာ-၁၂၊၂၀၂၅။People’s Spring

အွန်လိုင်း​ငွေလိမ်လုပ်ငန်း (ကျားဖြန့်)မြို့တော်တစ်ခုအဖြစ် သတ်မှတ်ခံရတဲ့ ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာ အဓိက ရင်းနှီးမြှုပ်နှံသူ စီးပွားရေး လုပ်ငန်းရှင် တရုတ်-ကမ္ဘောဒီးယား နိုင်ငံသား ရှီကျီကျန်းကို ဒီနေ့ (နိုဝင်ဘာ ၁၂ ရက်) ညနေပိုင်းမှာ ထိုင်းအာဏာပိုင်တွေက တရုတ်ဆီ ပြန်လွှဲပေးဖို့ စီစဉ်ထားပါတယ်။

ရှီကျီကျန်းဟာ ​ရွှေကုက္ကိုလ်မြို့သစ်ကို ကရင်နယ်ခြား​စောင့်တပ်-BGF ​ခေါင်း​ဆောင် ​စောချစ်သူနဲ့အတူ တည်​ထောင်ခဲ့တာဖြစ်ပြီး သူတို့ဟာစီးပွားဖက်​တွေဖြစ်ကြပါတယ်။၎င်းတို့ကို အ​မေရီကန် နဲ့ ဗြိိတိန်က အ​​ရေးယူဒဏ်ခတ်ထားပါတယ်။

အသက် ၄၃ နှစ်အရွယ် ရှီကို ထိုင်းအထူးရဲတပ်ဖွဲ့ဝင်တွေက ချုပ်နှောင်ပြီး နေရာရွှေ့နေတဲ့ ဓာတ်ပုံတွေကို ထိုင်းသတင်းဌာန တချို့က ဖော်ပြခဲ့ပါတယ်။ ရှီကို တင်ဆောင်သွားမယ့် လေယာဉ်ဟာ ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်ကနေ ထိုင်းစံတော်ချိန် ညနေ ၄း၂၀ နာရီမှာ ထွက်ခွာဖွယ် ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တရားမဝင် အွန်လိုင်း လောင်းကစား လုပ်ငန်းတွေနဲ့ ဆက်နွှယ်တဲ့ စွပ်စွဲချက်တွေအတွက် အလိုရှိကြောင်း တရုတ်ရဲတပ်ဖွဲ့က အပြည်ပြည်ဆိုင်ရာ မှုခင်း ရဲတပ်ဖွဲ့ကနေတဆင့် ဆက်သွယ်ခဲ့တဲ့နောက် ဘန်ကောက်မှာ ရှိနေတဲ့ ရှီကို ထိုင်းရဲတပ်ဖွဲ့က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လမှာ ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအချိန်ကစလို့ သူဟာ ဘန်ကောက်မှာ ချုပ်နှောင် ခံထားရပြီး သူ့ရဲ့ ရှေ့နေတွေက တရုတ်ဆီ ပြန်လွှဲပြောင်းမှုကို တားဆီးနိုင်ဖို့ ၃ နှစ်လုံးလုံး အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ အထူးသဖြင့် ရှီဟာ ကမ္ဘောဒီးယား နိုင်ငံသား ပတ်စ်ပို့တ် ကိုင်ဆောင်ထားတာကြောင့် တရုတ်ဆီ လွှဲပြောင်းပေးတာမျိုး မဖြစ်သင့်ဘူးလို့သူ့ရဲ့ရှေ့နေတွေကခုခံ လျှောက်လဲခဲ့ပေမယ့် အဆုံးမှာတော့ အရာမထင်ခဲ့ပါဘူး။

အယူခံ ကိစ္စတွေ အားလုံး အရာမထင်တော့တာ သေချာသွားတဲ့နောက် ရှီကို တရုတ်ဆီ လွှဲပြောင်းပေးတော့မယ်လို့ ထိုင်းအာဏာပိုင်တွေက နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ရှီနဲ့ပတ်သက်တဲ့ စွဲချက်တွေထဲမှာတော့ လည်ပတ် ငွေလုံးငွေရင်း ဘတ် ၁၂.၆၃ ထရီလီယံ၊ တစ်နည်းအားဖြင့် ဒေါ်လာ ၃၈၅ ဘီလီယံလောက်ထိ ရှိနိုင်တဲ့ လောင်းကစားဝက်ဘ်ဆိုက် ၂၃၉ ခုကို ထိန်းချုပ်ထားတယ် ဆိုတာလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့က ရွှေကုက္ကို မြို့သစ် စီမံကိန်းမှာလည်း သူ့ရဲ့ Yatai International ကုမ္ပဏီက ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားသလို ရွှေကုက္ကိုမှာ ရှီရဲ့ ကာစီနိုရုံကြီးနှစ်ခု တည်ထားကြောင်း စွပ်စွဲခံခဲ့ပါတယ်။

ထိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်နေရတဲ့ ကာလတလျှောက် ရှီက သူဟာ ဘယ်လို အမှားမှ ကျူးလွန်မထားကြောင်း အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ ရှီအပေါ် စွပ်စွဲချက်တွေဟာတရုတ်က နိုင်ငံရေး အခြေပြု စေ့ဆော်မှုတွေနဲ့ထောင်ချောက်ဆင်ထားတာသာဖြစ်တယ်လို့သူ့ရဲ့ရှေ့နေတွေကလည်း ပြောပါတယ်။

ရွှေကုက္ကိုဟာ အွန်လိုင်း ကာစီနိုတွေအပြင် ဒစ်ဂျစ်တယ် ငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းတွေ၊လူမှောင်ခိုနဲ့ တခြားရာဇဝတ်မှု ကျူးလွန်တဲ့ ဂိုဏ်းတွေ ကျင်လည်ကျက်စားရာ ဒုစရိုက် မြို့တော် တစ်ခုအဖြစ်လည်း နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ စက်တင်ဘာလမှာတော့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ ရွှေကုက္ကိုအပြင် အနီးတဝိုက် ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီ ၉ ခုကို နာမည်ပျက် စာရင်းသွင်းပြီး ပိတ်ဆို့ အရေးယူကြောင်း ကြေညာခဲ့ပါတယ်။

စစ်တပ် နဲ့ BGF က ​လေး​ကေ့​ကော်​ဒေသက KK Park ကိုကျားဖြန့်နှိမ်နင်း​ရေးလုပ်တယ်ဆိုပြီး လုပ်ကိုင်​နေသူ​တွေကို ပြန်ခိုင်းပြီး အ​ဆောက်အအုံ ၁၀၀ ​​ကျော်ကို ဗုံးခွဲဖျက်ဆီးပြ​နေပါတယ်။ဒါ​ပေမယ့် ​ရွှေကုက္ကို မြို့သစ် ၊​ကျောက်ခတ် အပါအဝင် အခြားကျားဖြန့်လုပ်ငန်း​တွေများစွာရှိတဲ့​နေရာ​တွေကို အခုချိန်ထိ မတိုမထိ​သေးပါဘူး ။

ကိုးကား-Thai PBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဒရုန်းရေငုပ်သင်္ဘောတွေအတွက် မိခင်ရေယာဉ်လို့ ယူဆရတဲ့ ပထမဆုံး သင်္ဘောတစ်စီးကို တရုတ်မှာ တည်ဆောက်နေပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘရိတ်စနစ်မှာ ချွတ်ယွင်းချက်တွေ ပါနိုင်တာကြောင့် တရုတ် ကားကုမ္ပဏီ BYDဟာ တရုတ်နိုင်ငံမှာ ရောင်းချထားတဲ့ လျှပ်စစ်စွမ်းအင်သုံး မော်တော်ကား ၁၈၀၀၀၀ ကျော်ကို လာရောက်ပြင်ဆင်ဖို့ ဆက်သွယ်ခေါ်ယူထားပါတယ်။