Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနဲ့ ခင်ဦးမှာ ​တော်လှန်​ရေးတပ်​တွေတိုက်လို့ စစ်တပ်စစ်​ကြောင်းပျက်

စစ်​တပ်ဗျူဟာမှူး​သေပြီး စစ်သုံ့ပန်းအများအပြားဖမ်းဆီးရရှိဟု PDF အချို့​ပြော

၂၀၂၅ စက်တင်ဘာ ၂၂ ရက်မှာခင်ဦးမြို့နယ်မှာ စစ်တပ် စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်များကတိုက်ခိုက်ပြီး လက်နက်ခဲယမ်းနဲ့စစ်သုံ့ပန်းများဖမ်းဆီးရရှိခဲ့ရာ ​တော်လှန်​ရေးတပ်​တွေက မှတ်တမ်းဓါတ်ပုံရိုက်ကူးစဥ်။​ဓါတ်ပုံ-ခင်ဦးပကဖ

နိုဝင်ဘာ ၁၂၊ ၂၀၂၅။ဇော်ဝင်း/People’s Spring

စစ်ကိုင်းတိုင်း၊ကန့်ဘလူ နဲ့ ခင်ဦး မြို့နယ်မှာ စစ်တပ်စစ်ကြောင်းပျက်တဲ့အထိ တိုက်ခံရပြီး တပ်မ ၃၃ ဗျူဟာမှူး အလောင်း နဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားအရှင်ဖမ်းမိတယ်လို့ စစ်ကိုင်းအထက်ပိုင်းစစ်ရေးသတင်းရင်းမြစ်အချို့က လူထုနွေဦးကို ပြောပါတယ်။

ဒီကနေ့(နိုဝင်ဘာ ၁၂ ရက်)ကကန့်ဘလူမြို့နယ် ယင်းတိုက်ရွာ နဲ့ ခင်ဦး မြို့နယ် ရှားတော ရွာကြား မှာ စစ်တပ်စစ်ကြောင်းကို PDF ၊ ပကဖ​ အပါအဝင်​တော်လှန်​ရေးတပ်တွေက ကြားဖြတ်တိုက်ခံရတာ လို့ သတင်းရရှိပါတယ်။

“လက်နက် ၂၀ ကျော်နဲ့အရှင်တွေလည်းမိထားတယ်။တပ်မ ၃၃ ဗျူဟာမှူးပါအသေရတယ်ပြောတယ်”လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်စစ်ကြောင်းပျက်ပြီး လက်နက်ခဲယမ်း တွေရတာကို ကန့်ဘလူမြို့နယ်ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက အတည်ပြုပါတယ်။

စစ်တပ်စစ်ကြောင်းကနေ ၁၂ ဦး အရှင်မိပြီး လက်နက် ၂၇ လက် ရတယ် လို့ ကန့်ဘလူခရိုင် တပ်ရင်း ၃ တာဝန်ရှိသူတစ်ဦးက People’s Spring ကို အတည်ပြုပါတယ်။

အခြား​တော်လှန်​ရေးရဲ​ဘော်တစ်ဦးက လည်းစစ်တပ်စစ်​ကြောင်းဟာ​သေဆုံး ဒဏ်ရာရသူ၊အဖမ်းခံရသူ များပြားပြီး စစ်​ကြောင်း တစ်​ကြောင်းလုံးမှာ ၂၀ ​ခန့်သာ စခန်းချရာ​နေရာပြန်​ရောက်တယ်လို့​ပြောပါတယ် ။

စစ်တပ်ဝါဒဖြန့် တယ်လီဂရန်အချို့မှာလည်း ​ကန့်ဘလူနယ်မှာစစ်​ကြောင်းတစ်ခုအဝိုင်းခံရတယ်လို့​ရေးသားထားကြပါတယ် ။ကန့်ဘလူ ၊ဇီးကုန်း ၊ခင်ဦးနယ်မှာ PDF ​တွေအား​ကောင်းပြီး စစ်တပ်ကအကြိမ်ကြိမ်ခံ​နေရတာမို့ နယ်​မြေရှင်းလင်းဖို့လို​နေပြီဆိုပြီး စစ်တပ်ဝါဒဖြန့်အ​ကောင့်​တွေက​ရေးသားထားတာကို​တွေ့ရပါတယ် ။နမခ နယ်ထဲ PDF ​တွေအလုံးအရင်းနဲ့​ရောက်​နေပြီး စစ်တပ်ကစစ်​ကြောင်း​တွေကလိုက်လံရှင်းလင်း​နေတယ်လို့ ဝါဒဖြန့်​နေကြပါတယ် ။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲက နိုဝင်ဘာ ၁၂ ရက်ည​နေ ၆ နာရီခန့်မှာ တိုက်ပွဲသတင်းကနဦးထုတ်ပြန်တာမှာကန့်ဘလူခရိုင်၊ရွှေဘိုခရိုင်​တွေမှာ စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ စစ်တပ်စစ်ကြောင်းကို ယနေ့ မှာ​တော်လှန်​ရေးတပ်​တွေကကြားဖြတ်တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းအထိနာပြီး စစ်သုံးပန်းနဲ့လက်နက်ခဲယမ်း​တွေသိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်စစ်​ကြောင်းကို ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်)နဲ့တော်လှန်ရေးအင်အားစု​တွေကကြားဖျတ်တိုက်ခိုက်ခဲ့တာလို့​သိရပါတယ်။

ထုတ်ပြန်တဲ့သတင်းဓါတ်ပုံမှာ စစ်သုံ့ပန်း ၁၄ ဦး ၊ လက်နက်မျိုးစုံ ၂၀ ခန့် နဲ့ ခဲယမ်း ​တွေသိမ်းဆည်းရရှိတာကိုတွေ့ရပါတယ်။

သေဆုံးထိခိုက်တာတွေ များခဲ့လို့ စစ်တပ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) ကနေ Gyrocopterသုံးစီးနဲ့ ဒီကနေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တပါတယ်။

နိုဝင်ဘာ ၁၁ ရက်ကစပြီး ကန့်ဘလူ နဲ့ ရေဦး မြို့နယ်ဘက်ကနေ ခင်ဦးမြို့နယ်ကို စစ်တပ်က နှစ်ဖက်ညှပ်စစ်ကြောင်း ထိုးလာတာဖြစ်ပါတယ်။

ခင်ဦးနယ် အနောက်မြောက်ခြမ်းက ကျေးရွာတွေကို ကန့်ဘလူနယ်ဘက်က အင်အား ၁၀၀ ကျော်ပါတဲ့စစ်တပ်ရဲ့ ခြေလျင်စစ်ကြောင်း နဲ့ ရေဦးမြို့က ​နေ မူးမြစ်ကူးကာ တက်လာတဲ့အင် အား ၈၀ဝန်းကျင်ပါစစ်​ကြောင်းတို့က တစ်ပြိုက်တည်း စစ် ကြောင်း ထိုးလာတာလို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန် ကြားရေးကထုတ်ပြန်ထားပါတယ်။

အဲဒါကြောင့် ငါးရုံကြီး၊ရှားတော၊ကျောက်တိုင်၊ကျီစု၊မုံလှ၊သာဝတ္ထိ၊မြင်းကျ၊သရက်တော၊ကင်းပြစ်၊မန်ကျီးအုပ်၊ ယာတော်၊ မြင်းဒေါင်း၊သရက်ပင်ပင်စု၊သက်သာပန်းတောင်းကျေးရွာတွေက ပြည်သူ ငါးထောင်ကျော်ထွက်ပြေးနေရတယ်လို့ အသိပေးပါတယ်။

စစ်တပ်က စစ်ကိုင်းတိုင်းထဲက ဗျူဟာလမ်းတွေ၊မိန်းလမ်းကြောတွေနဲ့ တော်လှန်ရေးအင်အား စုထိန်းချုပ်တဲ့ နေရာတွေကို စိုးမိုးဖို့ ကြိုးစားနေပြီး သြဂုတ်လက ကန့်ဘလူမြို့နယ်က ​ရွှေဘို–မြစ်ကြီးနားဗျူဟာလမ်းပိုင်းကို ပြန်ထိန်းချုပ်ခဲ့ပါတယ်။

ဒါ့ပေမယ့် ခင်ဦးမြို့နယ်က လမ်းပိုင်းကို ဆက် ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးခဲ့ပေမယ့် တော်လှမ်ရေးအင်အားစုတွေကစစ်ကြောင်းပျက်တဲ့အထိ တိုက် ခိုက်နိုင်ခဲ့ပါတယ်။

စက်တင်ဘာ ၂၂ ရက်က ခင်ဦး-ရွှေဘိုလမ်းပိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေ သေဆုံးခဲ့ပြီး လက်နက်တွေနဲ့ စစ်သုံ့ပန်းအချို့ပါ သိမ်းဆည်းရရှိခဲ့လို့သက်ဆိုင်ရာတပ်ရင်းတွေက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်က စစ်ဖက်ဆိုင်ရာအဖြစ် အသုံးပြုနေတဲ့ ရှေးဟောင်းမြို့တော်ပုဂံ၊ညောင်ဦးမြို့က လေဆိပ်ကို ရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) အဖွဲ့က ထုတ်ထားပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စာသင်ကျောင်းအပါအဝင် နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တပ်ချိန်းဖို့ ထွက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့ တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။