Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

မြေမြှုပ်မိုင်းတွေကိစ္စ ပြန်တောင်းပန်ဖို့ ကမ္ဘောဒီးယားကို ထိုင်းတောင်းဆိုထား

နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ချတောင်းပန်ဖို့ ကမ္ဘောဒီးယားကို ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။

ဓာတ်ပုံ - Reuters

နယ်စပ်မှာ မြေမြှုပ်မိုင်းတွေ ထောင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဝန်ချတောင်းပန်ဖို့ ကမ္ဘောဒီးယားကို ထိုင်းအစိုးရက တောင်းဆိုလိုက်ပါတယ်။

အခုသီတင်းပတ်ထဲမှာ မိုင်းကွဲပြီး ထိုင်းစစ်သားတွေ ဒဏ်ရာရခဲ့တာဟာ ကမ္ဘောဒီးယားက အသစ်ထပ်ထောင်ထားတဲ့ မိုင်းတွေကြောင့်လို့ ထိုင်းက စွပ်စွဲခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းဟာ ကမ္ဘောဒီးယားနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုးထားတဲ့ စာချုပ်ထဲက အချက်အလက်တွေ လိုက်နာကျင့်သုံးမှုကို ဆိုင်းငံ့ထားမယ်လို့လည်း နိုဝင်ဘာ ၁၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ ဇူလိုင်လတုန်းက နယ်စပ် ပဋိပက္ခတွေကို အကြောင်းပြုပြီး ၅ ရက်ကြာ စစ်ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့လမှာတော့ အမေရိကန်၊ မလေးရှား အစိုးရတွေရဲ့ ကြားဝင် စေ့စပ်ပေးမှုအရ စစ်ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

နိုဝင်ဘာ ၁၀ ရက်နေ့က မိုင်းပေါက်ကွဲမှုကြောင့် နယ်စပ်မှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သားတစ်ဦး ကိုယ်လက်အင်္ဂါ ချွတ်ယွင်းပြီး နောက်တစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။ ကမ္ဘောဒီးယားကတော့ စစ်ဖြစ်ပြီးနောက်ပိုင်း နယ်စပ်မှာ နင်းမိုင်းတွေ ထပ်ထောင်ထားတယ် ဆိုတာကို ငြင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းစစ်သားတွေ ထိခိုက်ခဲ့ရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယားဖက်က သေချာ ပြန်တောင်းပန်ဖို့ တောင်းဆိုထားကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ နစ်ခွန်ဒက်ဂျ် ဘာလန်ကူရာက သတင်းထောက်တွေကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးတော့ ဒီကိစ္စမှာ ဘာတွေ မှားယွင်းခဲ့သလဲ၊ ဘယ်သူ့ဆီမှာ တာဝန်ရှိသလဲ ဆိုတာတွေကို အချက်အလက် အတိအကျ စုံစမ်း ဖော်ထုတ်နိုင်ဖို့၊ နောက်ထပ် အလားတူ ကိစ္စတွေ ဖြစ်မလာအောင် တားဆီးမယ့် အစီအမံတွေ ရေးဆွဲဖို့ ကမ္ဘောဒီးယားဖက်ကို အသိပေးထားကြောင်း သူက ဆိုပါတယ်။

ထိုင်းဖက်က တောင်းဆိုမှုနဲ့ ပတ်သက်လို့ ကမ္ဘောဒီးယား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုသွားပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ထိုင်းနဲ့ နယ်စပ်တလျှောက် မြေမြှုပ်မိုင်း အသစ်တွေ ထပ်ပြီး ထောင်ထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို တိတိကျကျ လေးစားလိုက်နာ အကောင်အထည် ဖော်နေကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ထိုင်းစစ်တပ်က ထုတ်ပြတဲ့ မိုင်းအစိတ်အပိုင်း တချို့ကို လေ့လာပြီး စစ်လက်နက် ပါရဂူ တချို့ကတော့ တချို့မိုင်းတွေဟာ လတ်တလောမှ အသစ်ထောင်ထားတာ ဖြစ်နိုင်ခြေရှိကြောင်း ခန့်မှန်းထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြေမြှုပ်မိုင်းပြဿနာက ဒေသခံတွေရဲ့ ‌နေ့စဉ်ဘဝအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုဖြစ်နေပြီး နောင်ချိုမြို့ဟာ မိုင်းကြောင့်ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)က ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

နိုင်ငံတကာ

တစ်နှစ်အတွင်း ဆိုက်ဘာ ငွေကြေး လိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းပေါင်း ၇၀၀ ကျော်ကို ဖြိုခွင်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ကမ္ဘောဒီးယား အစိုးရက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Facebook