Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကြောင့် ပေါက်နယ်မြောက်ပိုင်းက ဒေသခံ သုံးသောင်းကျော် ဘေးလွတ်ရာတိမ်းရှောင်

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ထိုးစစ် ဆင်လာတာကြောင့် ကျေးရွာ ၄၀ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ဘေးလံတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

စစ်တပ်စစ်ကြောင်းတွေကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေကြရသော ပေါက်မြို့နယ်က ပြည်သူတွေ။ ဓာတ်ပုံ - ပေါက်/လူသားစာနာဌာန

နိုဝင်ဘာ-၁၇၊၂၀၂၅။မိုမို/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုနဲ့ ထိုးစစ် ဆင်လာတာကြောင့် ကျေးရွာ ၄၀ကျော်က ဒေသခံပြည်သူ သုံးသောင်းကျော်ဟာ ဘေးလံတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

“စစ်ကြောင်းတွေ ပြိုင်ထိုးလာတာက အခုတစ်ကြိမ်က ပထမဆုံးပဲ။အဓိကတော့ ရွေးကောက်ပွဲ ကျင်းပ ချိန်နီးကပ်လာတာနဲ့တပြိုင်းတည်း နယ်မြေထိန်း ချင်တဲ့သ​​ဘောကို တွေ့ရတယ်”လို့ ပေါက်မြောက်ပိုင်းက ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီတပ်ရဲ့ ထိုးစစ်ဆင်လာမှုအပေါ် ပြောပါတယ်။

မနေ့က(နိုဝင်ဘာ ၁၆ ရက်)က မြိုင်မြို့နယ် တောင်ဘက်ခြမ်းက အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်း ဒေသအခေါ် (စက်မှု -၂ )ကလာတဲ့ အင်အား ၂၀၀ကျော်ပါ စစ်ကြောင်းဟာ ပေါက်မြို့နယ် အရှေ့မြောက်ပိုင်း ဆေးပင်ကြီးရွာ နဲ့ ကမ္ဘာဖြူကျေးရွာအနီးကို ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄ )ကနေ အင်အား ၁၈၀ကျော်ပါ စစ်ကြောင်းက ပေါက် မြို့နယ် အနောက်မြောက်ခြမ်း ချောင်းဆုံရွာနဲ့ မျဥ်းချောင်းကျေးရွာ ရောက်နေတယ်လို့ အသိပေးပါတယ်။

ဒါအပြင် ကပစ(၂၄)အင်အား ၂၀၀ကျော်စစ်ကြောင်းကလည်း ပေါက်မြောက်ပိုင်း ရွေဘုံသာကျေးရွာကနေ စစ်ကြောင်းထိုးလာပြီး ချိုင်ဇောက်အောက်စုကျေးရွာနား ရောက်ရှိနေတယ်လို့ သိရပါတယ်။

မြေပြင်စစ်ကြောင်းတွေအပြင် ပေါက်မြို့နယ် အတွင်းမှာ လေကြောင်းကနေလည်း မကြာခဏလာရောက်ပစ်ခတ်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ပေါက်မြို့နယ် လူသားစာနာဌာနက ဖော်ပြပါတယ်။

ကျေးရွာ ၄၂ ရွာက လူဦးရေ ၃၅,၀၀၀ ဝန်းကျင်ဟာ နီးစပ်ရာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေရပြီး ကပစ(၂၄)ကနေလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာရှိတယ်လို့ ဆိုပါတယ်။

“စစ်ဘေးရှောင်တွေအတွက် စာနပ်ရိက္ခာ ၊စောင်၊ခြင်ထောင်၊ ဆေးဝါးများ ကူညီပေးဖို့မေတ္တာရပ်ခံတယ်”လို့ ပေါက်မြို့နယ် လူသားစာနာဌာန တာဝန်ရှိသူက ပြောပါတယ်။

ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းသတင်းနားစွန့်ဖို့နဲ့ နယ်မြေဦးဆောင်သူတွေရဲ့ ညွန်ကြားချက်တွေကို လေးစားလိုက်နာဖို့ အပါအဝင် လေကြောင်းအန္တရာယ် ဂရုစိုက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်