Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင် ​မန္တ​လေးရောက်နေချိန် မြို့ထဲမှာဆန္ဒပြသွားလို့ စစ်တပ် RPGထမ်းပြီးကင်းလှည့်

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

စစ်တပ်က မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်က RPG ထမ်း၍ကင်းလှည့်စဥ်။ဓါတ်ပုံ-VOMDY

ဒီဇင်ဘာ-၄၊၂၀၂၅။ရှိန်း၊ဆိုင်းမင်း / People’s Spring

မန္တ​လေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်​ရွေး​ကောက်ပွဲ ဆန့်​ကျင်​ကြောင်းဆန္ဒပြသွားသလိုဒီ​နေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာ​ကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

စစ်တပ်က ဒီဇင်ဘာလ၂ ရက်မှစ၍မန္တလေးမြို့မှာ လုံခြုံရေးအပြည့်ချထားတဲ့ ကြားက ဒီဇင်ဘာ ၃ရက် နေ့မနက်အစောပိုင်း မန္တလေး မြို့ရဲ့ အစည်ကားဆုံး နေရာ မန္တလေး ဈေးချိုမှာစစ်တပ်​ရွေး​ကောက်ပွဲ ဆန့်ကျင်​ကြောင်းဆန္ဒပြမှု ဖြစ်ခဲ့တာပါ။

“၃ရက် နေ့မနက်ပိုင်းက DSA ကျောင်းဆင်းပွဲကို ယာဉ်တန်းတက်သွားပြီးမှ ဆန္ဒပြပွဲဖြစ်တာ။အဲတာပြီး တော့ တိုးတိုးတိတ်တိတ် နဲ့ အရပ်ဝတ်ယူနီ

Public Service Announcement

Public Service Announcement

ဖောင်း ဝတ်တွေ အကုန်သုံးပြီး တမြို့လုံး ပတ်ရှာကြ သေးတယ်။သတင်းတွေက လိုင်းပေါ်ပြန့်ပြီး ထိန်းမရဖြစ်ကုန်တာ”လို့မြို့ခံတဦးကပြောပါတယ်။

လုံခြုံ​ရေးမြှင့်ထားတဲ့ကြားမှာ စစ်အုပ်စုက ဆက်ဆက်ထိမခံတဲ့ ​ရွေး​ကောက်ပွဲဆန့်ကျင်​ကြောင်းဆန္ဒပြသွားတာ​ကြောင့်စစ်သား​တွေက ​ဒေါသူ ပုန်ထပြီး ရိုင်းစိုင်းစွာဆဲဆိုကြိမ်း​မောင်း​နေတယ်လို့လည်း စုံစမ်းသိရပါတယ်။

အဲဒီနောက် အာဏာသိမ်းခေါင်း ဆောင်လာမယ့် ၃၈လမ်း(ဒေါ်အောင်ဆန်းစုကြည်လမ်း)၊နဲ့ ၇၈လမ်း ထောင့် စစ်ခေါင်းဆောင်မိသားစုပိုင်ခန်းမ ကိုထပ်တိုးအင်အား၁၀၀ ကျော်လုံခြုံ ရေးချခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာအဲဒီခန်းမပတ်ပတ်လည်ကို စစ်အုပ်စုကအင်အား၃၀ပါအဖွဲ့ တွေခွဲကာ RPG နဲ့ လက်နက်ကြီးတွေထမ်းပြီး ခြေလျင်ကင်းလှည့်တာ တွေပြုလုပ်ခဲ့တယ်လို့ မြို့ခံ တွေက​ပြောပါတယ်။

ရုံးဆင်းချိန်မှာ စစ်တပ်အများအပြားနဲ့ ကင်းလှည့်တာကိုတွေ့မြင်ရတာကြောင့် “မြို့ပေါ်ကိုစစ်ကြောင်းများထိုးတာလားဆိုပြီး လူတွေလန့်နေကြတာ”လို့ ဒီဇင်ဘာ၃ရက် ညနေပိုင်းမြင်းကွင်းကိုတွေ့ခဲ့တဲ့ မြို့ခံတစ်ဦးကပြောပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ခေါင်ဆောင် မန္တလေး ကိုလာရောက်ခဲ့တဲ့ ခရီး စဉ်တွေမှာအခုတစ်ခေါက်ကတော့ လုံခြုံရေး အင်အားအများအပြား ချထားတာကို ပထမဆုံး အကြိမ် တွေ့ရတာလို့ မြိုခံ တွေဆီကသိရပါတယ်။

ဒီနေ့ မနက်ပိုင်းမှာဆိုရင် မန္တလေးမြို့ထဲမှာ အိမ်စီးကား နဲ့ အရပ်ဝတ် ကင်းပတ်နေတယ်လို့ သိရပါတယ်။

လမ်းမတန်း တွေမှာ တစ်နေရာကို စစ်သား ငါးဦးနှုန်းခန့် လုံခြုံရေးထားတာ တွေ့ရပါပြီး လမ်း၃၀ကနေ ၃၅လမ်းမအထိ ခြေလျင်ကင်းပတ်တာ တွေရှိနေပါတယ်။

ဒီဇင်ဘာလ ၅ ရက်နေ့မှာစစ်တပ်နည်းပညာတက္ကသိုလ်( DSTA) ကျောင်းဆင်းပွဲရှိသလို ဒီဇင်ဘာ ၄ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်ဟာ ဘဏ်ခွဲဖွင့်ပွဲတစ်ခုသွားဖို့ရှိတယ်လို့ သတင်းရထားပါတယ်။

စစ်တပ်က လုံခြုံ​ရေးအများအပြားချထားတာ​ကြောင့် ​ဒေသခံပြည်သူ​တွေအ​နေနဲ့ လုံခြုံ​ရေးအထူးဂရုပြုကြဖို့ ၊စစ်အုပ်စုက ဧည့်စာရင်းအတင်း အကြပ်စစ်တာ​တွေလည်းရှိနိုင်တယ်လို့မန္တ​လေး​ဒေသတွင်း စစ်​ရေး ၊လုံခြုံ​ရေးသတင်း​တွေကို ​ဖော်ပြသတိ​ပေး​လေ့ရှိတဲ့ Voice Of Mandalay (VOMDY)ကလည်းသတိ​ပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်က ဇွန်လ ၁၉ရက်ည သန်းခေါင်လောက်မှာ လေယာဉ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်