ဒီဇင်ဘာ-၄၊၂၀၂၅။ရှိန်း၊ဆိုင်းမင်း / People’s Spring
မန္တလေးမြို့မှာ ဒီဇင်ဘာ ၃ ရက်မနက်မနက်ပိုင်းမှာ စစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းဆန္ဒပြသွားသလိုဒီနေ့ အာဏာသိမ်းခေါင်းဆောင်ပါ ရောက်လာတာကြောင့် စစ်တပ်က မြို့တွင်းကို RPGထမ်းကာ ခြေလျင်ကင်းလှည့်ခဲ့တယ်လို့ မြို့ခံ တွေကပြောပါတယ်။
စစ်တပ်က ဒီဇင်ဘာလ၂ ရက်မှစ၍မန္တလေးမြို့မှာ လုံခြုံရေးအပြည့်ချထားတဲ့ ကြားက ဒီဇင်ဘာ ၃ရက် နေ့မနက်အစောပိုင်း မန္တလေး မြို့ရဲ့ အစည်ကားဆုံး နေရာ မန္တလေး ဈေးချိုမှာစစ်တပ်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်းဆန္ဒပြမှု ဖြစ်ခဲ့တာပါ။
“၃ရက် နေ့မနက်ပိုင်းက DSA ကျောင်းဆင်းပွဲကို ယာဉ်တန်းတက်သွားပြီးမှ ဆန္ဒပြပွဲဖြစ်တာ။အဲတာပြီး တော့ တိုးတိုးတိတ်တိတ် နဲ့ အရပ်ဝတ်ယူနီ

Public Service Announcement
ဖောင်း ဝတ်တွေ အကုန်သုံးပြီး တမြို့လုံး ပတ်ရှာကြ သေးတယ်။သတင်းတွေက လိုင်းပေါ်ပြန့်ပြီး ထိန်းမရဖြစ်ကုန်တာ”လို့မြို့ခံတဦးကပြောပါတယ်။
လုံခြုံရေးမြှင့်ထားတဲ့ကြားမှာ စစ်အုပ်စုက ဆက်ဆက်ထိမခံတဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်းဆန္ဒပြသွားတာကြောင့်စစ်သားတွေက ဒေါသူ ပုန်ထပြီး ရိုင်းစိုင်းစွာဆဲဆိုကြိမ်းမောင်းနေတယ်လို့လည်း စုံစမ်းသိရပါတယ်။
အဲဒီနောက် အာဏာသိမ်းခေါင်း ဆောင်လာမယ့် ၃၈လမ်း(ဒေါ်အောင်ဆန်းစုကြည်လမ်း)၊နဲ့ ၇၈လမ်း ထောင့် စစ်ခေါင်းဆောင်မိသားစုပိုင်ခန်းမ ကိုထပ်တိုးအင်အား၁၀၀ ကျော်လုံခြုံ ရေးချခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၃ ရက်နေ့ ညပိုင်းမှာအဲဒီခန်းမပတ်ပတ်လည်ကို စစ်အုပ်စုကအင်အား၃၀ပါအဖွဲ့ တွေခွဲကာ RPG နဲ့ လက်နက်ကြီးတွေထမ်းပြီး ခြေလျင်ကင်းလှည့်တာ တွေပြုလုပ်ခဲ့တယ်လို့ မြို့ခံ တွေကပြောပါတယ်။
ရုံးဆင်းချိန်မှာ စစ်တပ်အများအပြားနဲ့ ကင်းလှည့်တာကိုတွေ့မြင်ရတာကြောင့် “မြို့ပေါ်ကိုစစ်ကြောင်းများထိုးတာလားဆိုပြီး လူတွေလန့်နေကြတာ”လို့ ဒီဇင်ဘာ၃ရက် ညနေပိုင်းမြင်းကွင်းကိုတွေ့ခဲ့တဲ့ မြို့ခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ခေါင်ဆောင် မန္တလေး ကိုလာရောက်ခဲ့တဲ့ ခရီး စဉ်တွေမှာအခုတစ်ခေါက်ကတော့ လုံခြုံရေး အင်အားအများအပြား ချထားတာကို ပထမဆုံး အကြိမ် တွေ့ရတာလို့ မြိုခံ တွေဆီကသိရပါတယ်။
ဒီနေ့ မနက်ပိုင်းမှာဆိုရင် မန္တလေးမြို့ထဲမှာ အိမ်စီးကား နဲ့ အရပ်ဝတ် ကင်းပတ်နေတယ်လို့ သိရပါတယ်။
လမ်းမတန်း တွေမှာ တစ်နေရာကို စစ်သား ငါးဦးနှုန်းခန့် လုံခြုံရေးထားတာ တွေ့ရပါပြီး လမ်း၃၀ကနေ ၃၅လမ်းမအထိ ခြေလျင်ကင်းပတ်တာ တွေရှိနေပါတယ်။
ဒီဇင်ဘာလ ၅ ရက်နေ့မှာစစ်တပ်နည်းပညာတက္ကသိုလ်( DSTA) ကျောင်းဆင်းပွဲရှိသလို ဒီဇင်ဘာ ၄ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်ဟာ ဘဏ်ခွဲဖွင့်ပွဲတစ်ခုသွားဖို့ရှိတယ်လို့ သတင်းရထားပါတယ်။
စစ်တပ်က လုံခြုံရေးအများအပြားချထားတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ လုံခြုံရေးအထူးဂရုပြုကြဖို့ ၊စစ်အုပ်စုက ဧည့်စာရင်းအတင်း အကြပ်စစ်တာတွေလည်းရှိနိုင်တယ်လို့မန္တလေးဒေသတွင်း စစ်ရေး ၊လုံခြုံရေးသတင်းတွေကို ဖော်ပြသတိပေးလေ့ရှိတဲ့ Voice Of Mandalay (VOMDY)ကလည်းသတိပေးထားပါတယ်။


















































