Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နျူကလီးယား ရေငုပ်သင်္ဘော အခြေစိုက်စခန်းနား ချဉ်းကပ်ခဲ့တဲ့ ဒရုန်းတွေကို ပြင်သစ်စစ်တပ် ပစ်ခတ်

နျူကလီးယား ရေငုပ်သင်္ဘောတွေ ထားရှိရာ ရေတပ်စခန်းနား ချဉ်းကပ်လာတဲ့ ဒရုန်းတွေကို ပြင်သစ် စစ်သားတွေက ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AP

နျူကလီးယား ရေငုပ်သင်္ဘောတွေ ထားရှိရာ ရေတပ်စခန်းနား ချဉ်းကပ်လာတဲ့ ဒရုန်းတွေကို ပြင်သစ် စစ်သားတွေက ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

ပြင်သစ်ရဲ့ ဘရစ္စတနီ ဒေသထဲမှာရှိတဲ့ အိုင်းလ်လောင်း ရေတပ်စခန်းနားကို ဒီဇင်ဘာ ၄ ရက် ညပိုင်းက အမျိုးအမည်မသိ ဒရုန်းတချို့ ချဉ်းကပ် ပျံသန်းလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဒရုန်း ၅ ခုကို ထောက်လှမ်းမိတဲ့နောက် ရေတပ်စခန်းရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ပြင်သစ် ရေတပ်က ဒီဇင်ဘာ ၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

အိုင်းလ်လောင်းဟာ ပြင်သစ်ရဲ့ နျူကလီးယား ကာကွယ်ရေး စီမံကိန်းမှာ အထူးအရေးပါတဲ့ နျူကလီးယား ဒုံးကျည်တင် ရေငုပ်သင်္ဘော ၄ စီးကို ထားရှိတဲ့ အခြေစိုက်စခန်း ဖြစ်ပါတယ်။

ရေတပ်စခန်း လုံခြုံရေးအတွက် ဖြန့်ကျက်ထားတဲ့ မရိန်းစစ်သားတွေဟာ အမျိုးအမည်မသိ ဒရုန်းတွေ ချဉ်းကပ်လာတာကို သတိထားမိတာနဲ့ အချက်ရေတချို့ တုံ့ပြန် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် အနီးတဝိုက် ဧရိယာမှာ ဒရုန်း အပျက်အစီးတွေ ရှိမရှိ ဖြန့်ကျက် ရှာဖွေခဲ့တယ်လို့လည်း ပြင်သစ် ရေတပ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဒရုန်းတွေကို ထိမှန်အောင် ပစ်ခတ် ဖျက်ဆီးနိုင်ခဲ့သလား ဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ရှင်းရှင်းလင်းလင်း ဖော်ပြမထားခဲ့ပါဘူး။

ပြင်သစ်ဟာ နျူကလီးယား လုံခြုံရေးဆိုင်ရာ မဟာဗျူဟာတွေအရ နိုင်ငံရဲ့ နျူကလီးယား ရေငုပ်သင်္ဘော လေးစီးထဲက အနည်းဆုံး တစ်စီးကို တိုက်ပွဲဝင်အဆင့် အမြဲတမ်း အသင့်အနေအထားမျိုး တပ်ဖြန့်ထားလေ့ ရှိပါတယ်။ ဒရုန်းတွေ ချဉ်းကပ်ခဲ့ချိန်က ရေတပ်စခန်းထဲမှာ ရေငုပ်သင်္ဘော ဘယ်နှစီး ရှိနေခဲ့သလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ကာကွယ်ရေး ဝန်ကြီး ကက်သရင်း ဗော့ထရင်းက မပျံသန်းရဇုန် သတ်မှတ်ထားရာ ရေတပ်စခန်းနားကို ချဉ်းကပ်ခဲ့တဲ့ ဒရုန်းတွေကို စစ်တပ်က ကြားဖြတ် ဟန့်တားခဲ့တယ်လို့ ပြောပေမယ့် ဘယ်လို နည်းလမ်းကို အသုံးပြုခဲ့သလဲ ဆိုတာကိုတော့ မှတ်ချက် ပေးမသွားခဲ့ပါဘူး။ အိုင်းလ်လောင်း ရေတပ်စခန်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ မြန်ဆန် ထိရောက်တဲ့ တုံ့ပြန်မှုအတွက် ချီးကျူးလိုကြောင်းလည်း ဝန်ကြီးက ဆိုပါတယ်။

လောလောဆယ်တော့ ပြင်သစ် အာဏာပိုင်တွေက အဲဒီဒရုန်းတွေဟာ ပြည်ပနိုင်ငံ တစ်ခုခုနဲ့ ဆက်နွှယ် ပတ်သက်တယ် ဆိုတာမျိုး ပြောဆိုထားတာ မရှိသေးပါဘူး။ နျူကလီးယား ရေငုပ်သင်္ဘောတွေ ထားရှိရာ နေရာရဲ့ သတင်းအချက်အလက်တွေဟာ လုံခြုံရေးအရ လျှို့ဝှက်ထားဖို့ လိုတာကြောင့် အသေးစိတ် နောက်ဆက်တွဲ အခြေအနေတွေကို ထုတ်ပြောဖို့ စစ်ဘက် အရာရှိတွေက ငြင်းဆိုခဲ့ကြပါတယ်။

ကိုးကား: Euronews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ မြို့တော်ကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း ယီမင်အခြေစိုက် ဟိုသီ ပြောက်ကျားတပ်တွေက ထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။