Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းရဲ့တိုက်ခိုက်မှုတွေကြောင့် ကမ္ဘောဒီးယားလည်း တန်ပြန်စစ်ဆင်ရေး စနေပြီလို့ ဟွန်ဆန်းပြော

ထိုင်းရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ -၉ ၊၂၀၂၅

ထိုင်းရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်နေ့တွေအတွင်း ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြား စစ်ရေးတင်းမာမှုတွေ ရှိနေခဲ့သလို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်း အပြန်အလှန် စွပ်စွဲခဲ့ပါတယ်။

ထိုင်းက ကမ္ဘောဒီးယားနဲ့ နယ်စပ်တလျှောက်မှာ စစ်ရေးပစ်မှတ်တွေနဲ့ ကာစီနိုရုံ တစ်ခုကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။ ကမ္ဘောဒီးယားကလည်း ထိုင်းရဲ့ အရပ်သား ဧရိယာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က စွပ်စွဲပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ကမ္ဘောဒီးယားကတော့ ထိုင်းရဲ့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ဆက်လက် လေးစား လိုက်နာကြောင်း ပြသဖို့အတွက် ရန်လို တုံ့ပြန်မှု မရှိဘဲ ၂၄ နာရီ သည်းခံခဲ့တယ်လို့ ဟွန်ဆန်းက Facebookပေါ်မှာ ရေးသားထားခဲ့ပါတယ်။

ဒါပေမဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကြောင့် သည်းခံနေတဲ့၊ ဒေသခံပြည်သူတွေကိုဘေးလွတ်ရာရွှေ့ပြောင်းပေးနေခဲ့တဲ့ ၂၄ နာရီ ကျော်လွန်သွားပြီးတဲ့နောက် ကမ္ဘောဒီးယားဖက်ကလည်း တန်ပြန်စစ်ဆင်ရေးတစ်ခု အစပြုပြီး လက်တုံ့ပြန်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ထိုင်း အမှတ် ၂ စစ်ဒေသ ကွပ်ကဲရေး ဌာနကတော့ ကမ္ဘောဒီးယားဟာ BM-21 အတွဲလိုက်ပစ် လောင်ချာတွေကို အသုံးပြုပြီး ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းကစလို့ ထိုင်းနယ်စပ် တကျောကို တောက်လျှောက် ပစ်ခတ်နေခဲ့တယ်လို့ ပြောပါတယ်။

တစ်ဖက်မှာလည်းကမ္ဘောဒီးယားကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ဒုတိယ ဗိုလ်ချုပ်ကြီး မာလီ ဆိုချီယက်တာက ထိုင်းစစ်တပ်ဟာ F-16 တိုက်လေယာဉ်တွေအပါအဝင်အကြီးစား၊ဖျက်အားပြင်းစစ်လက် နက်တွေကို အသုံးပြုပြီး ဒီဇင်ဘာ ၇ ရက်နေ့ ကတည်းက ကမ္ဘောဒီးယားဖက်ခြမ်း စစ်ဘက်နဲ့ အရပ်ဖက် ပစ်မှတ်တွေကို တိုက်ခိုက်နေခဲ့တယ်လို့ စွပ်စွဲသွားပါတယ်။

ဇူလိုင်လတုန်းက ဖြစ်ပွားခဲ့တဲ့ ၅ ရက်ကြာ စစ်ရေး ပဋိပက္ခအပြီး နှစ်ဖက် သဘောတူထားတဲ့ အပစ်အခတ် ရပ်စဲရေး ကတိတွေဟာ လက်ရှိ အခြေ အနေမှာတော့ ဆက်ပြီး ထိန်းသိမ်းနိုင်ဖို့ အရမ်းခက်ခဲတဲ့ အခြေ အနေ ဖြစ်လာပါတယ်။

အပစ်ရပ် ဆွေးနွေးမှုတွေမှာ ပါဝင်ညှိနှိုင်းပေးခဲ့တဲ့ အမေရိကန် အစိုးရက နှစ်ဖက်စလုံး အနေနဲ့ ပေးထားတဲ့ ကတိတွေ ဆက်တည်ကြဖို့ တောင်းဆိုထားပေမယ့် ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူလ်ကတော့ ကမ္ဘော ဒီးယားနဲ့ ညှိနှိုင်းရမယ့် အချိန်က ကျော်သွားခဲ့ပြီလို့ ပြောကြားထားပါတယ်။

ဒီဇင်ဘာ ၇ ရက်နေ့က စတင်တဲ့ နှစ်ဖက် နယ်စပ် ပဋိပက္ခတွေအတွင်း ထိုင်းစစ်သား ၃ ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား ၇ ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ကိုးကား – Xinhua

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။