Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်က ကမ္ဘောဒီးယား စစ်စခန်းတွေကို ထိုင်းတိုက်လေယာဉ်တွေ တိုက်ခိုက်

ကမ္ဘောဒီးယားနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေရာ နယ်စပ်တလျှောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ကမ္ဘောဒီးယားနဲ့ ပိုင်ဆိုင်မှု အငြင်းပွားနေရာ နယ်စပ်တလျှောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း ထိုင်းစစ်တပ်က အတည်ပြုခဲ့ပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ဦးဆောင်ပြီး ကြားဝင်စေ့စပ်ပေးထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်ခဲ့ကြောင်း အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံက အပြန်အလှန် စွပ်စွဲခဲ့တဲ့နောက် အခြေအနေတွေက အခုလိုမျိုး မြန်မြန်ဆန်ဆန် ပြန်လည် တင်းမာလာနေတာ ဖြစ်ပါတယ်။

ထိုင်းစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် ဝင်ထိုင် ဆူဗာရီက နယ်စပ်မှာ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ် ဆိုတာကို ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။

ထိုင်းမီဒီယာတွေရဲ့ သတင်းတွေမှာတော့ ဒီဇင်ဘာ ၈ ရက် မနက် အစောပိုင်းက နယ်စပ်ဒေသဖြစ်တဲ့ အူဘွန် ရတ်ချာဌာနီ ပြည်နယ်ထဲကို ကမ္ဘောဒီးယား စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထိုင်းစစ်သား ၁ ဦးသေပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ ထိခိုက်သေဆုံးမှုတွေဟာ နမ်ယွမ်ခရိုင်ထဲက ချွန်ဘော့ခ် ဧရိယာမှာ ဖြစ်ပွားခဲ့တာလို့ ဝင်ထိုင်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကမ္ဘောဒီးယားဖက်က ရန်စတဲ့ ပစ်ခတ်မှုတွေနဲ့ ကြုံတွေ့ခဲ့တဲ့နောက် ထိုင်းရဲ့ တိုက်လေယာဉ်တွေဟာ နယ်စပ်တလျှောက်မှာ ရှိနေတဲ့ ကမ္ဘောဒီးယား စစ်အခြေစိုက် စခန်းတွေကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့တယ်လို့ ဝင်ထိုင်က ဆိုပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားကြားက တကျော့ပြန် တင်းမာမှုတွေဟာ ဒီဇင်ဘာ ၇ ရက် နေ့လယ်ပိုင်းလောက်မှာ အစပြုခဲ့ပြီး ဆီဆာကက် ပြည်နယ်ရဲ့ နယ်စပ်နားမှာ ကမ္ဘောဒီးယားဖက်က ပစ်ခတ်လို့ ထိုင်းစစ်သား ၂ ဦး ဒဏ်ရာရခဲ့သလို နယ်စပ် ပြည်နယ် ၄ ခုလောက်က ဒေသခံ တချို့ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ ထိုင်းက ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၈ ရက်နေ့မှာ ထိုင်းက တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ် ဆိုတာကို ကမ္ဘောဒီးယားကလည်း သီးခြား အတည်ပြုခဲ့ပါတယ်။ ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ မာလီ ဆိုချီယက်တာက နယ်စပ် ပြည်နယ်တွေဖြစ်တဲ့ ပရာဗီဟီရာနဲ့ အော့ဒါ မီယန်ချီမှာရှိတဲ့ ကမ္ဘောဒီးယား စစ်အခြေစိုက် စခန်းတွေဟာ လေကြောင်းတိုက်ခိုက်မှုတွေ ခံခဲ့ရတယ်လို့ ပြောကြားသွားပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ နယ်စပ် အငြင်းအခုံတွေကို အကြောင်းပြုပြီး ဇူလိုင်လတုန်းက ၅ ရက်ကြာ စစ်ခင်း တိုက်ခိုက်ခဲ့ဖူးပါတယ်။ နောက်တော့ ထရမ့်နဲ့ မလေးရှား သမ္မတ အန်ဝါ အီဘရာဟင်တို့ ကြားဝင် စေ့စပ်ပေးမှုအရ အပစ်ရပ်ခဲ့ကြပါတယ်။ အောက်တိုဘာ လကုန်ပိုင်းမှာတော့ ထရမ့်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ ထိုင်းနဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တွေ အပစ်ရပ် သဘောတူညီမှု အတူလက်မှတ် ရေးထိုးခြင်းကို ကိုယ်တိုင် ကြီးမှူးပေးခဲ့ပါတယ်။

ဇူလိုင်လတုန်းက စစ်ရေး ပဋိပက္ခအတွင်း နှစ်နိုင်ငံပေါင်း လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး နယ်စပ်ဒေသတွေမှာ နေထိုင်သူ ၃ သိန်းလောက် ယာယီ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ပြည်သူ့စစ်မှုထမ်း လူငယ်တစ်ဦး သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအတွက် အစွမ်းကုန် ပူးပေါင်း ကူညီမယ်လို့ ထိုင်းစစ်တပ်က ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

Facebook