Connect with us

Hi, what are you looking for?

News

နိုဝင်ဘာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၂၀ကျော်ဖြစ်ခဲ့ဟု MNDAA ထုတ်ပြန်

ကိုးကန့်နယ်မြေ ဟုန်ရှင်း‌ဒေသ ၊ ရှင်ဝမ့်ဒေသနှင့် ရှိရှန်ဒေသတို့၌ တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့ပြီး မုံးကိုးနယ်မြေအတွင်း ၇၂ကြိမ် ၊ မူပန်နယ်မြေတွင် ၄၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)နှင့် အာဏာ သိမ်းစစ်ကောင်စီတပ်တို့သည် နိုဝင်ဘာလအတွင်း တိုက်ပွဲ အကြီးအသေး ၁၂၆ကြိမ်ဖြစ်ပွားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာအတွင်း အထူးဒေသ(၁)ကိုးကန့်ခရိုင် ၊ မုံးကိုးခရိုင် ၊ မူပန်(သိန္နီ)ခရိုင် စသောနေရာများတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကိုးကန့်နယ်မြေ ဟုန်ရှင်း‌ဒေသ ၊ ရှင်ဝမ့်ဒေသနှင့် ရှိရှန်ဒေသတို့၌ တိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့ပြီး မုံးကိုးနယ်မြေအတွင်း ၇၂ကြိမ် ၊ မူပန်နယ်မြေတွင် ၄၂ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

နိုဝင်ဘာ၁၂ နှင့် ၁၃ရက် မှအပ အခြားရက်များတွင် တိုက်ပွဲနေ့စဉ်ဖြစ်ပွားခဲ့၍ နိုဝင်ဘာလအတွင်း ရက်ပေါင်း ၃၀ရှိရာ ၂၈ရက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် မြေပြင်မှထိုးစစ်ဆင်ရာတွင် လက်နက်ကြီးပစ်ခတ်မှု အလုံးအရင်း ပြုလုပ်ခဲ့ကြောင်း၊ နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ MNDAA တပ်စခန်းများဆီသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၃၀၀ ကျော် ပစ်ခတ်ခဲ့ပြီး မုံးကိုးဒေသ မန်ရန်တပ်စခန်း နှင့် ရှိကျိကျတောင် တန်းတွင် လက်နက်ကြီးကျည် ကျရောက်မှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ အဆက်မပြတ်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းကြောင့် နှစ်ဘက်၏ စစ်ရေး လှုပ်ရှားမှုများဆက်လက် ပြင်းထန်နိုင်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လလယ်မှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။