Connect with us

Hi, what are you looking for?

သတင်း

KIAထိန်းချုပ်ထားတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

ကန်ပက်လက်မြို့အနီးကိုလည်း စစ်တပ် လေကြောင်းတိုက်လို့ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်

ဆဒုံးမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၅ စက်တင်ဘာ ၂၉ရက်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ − ဒေသခံ

ဒီဇင်ဘာ-၁၁၊ ၂၀၂၅။ ဆန်အောင်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ၀ိုင်းမော်မြို့နယ် ဆဒုံးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက သတင်းဖော်ပြပါတယ်။

အာဏာသိမ်းစစ်တပ်က ဆဒုံးမြို့တွင်းကို ဒီဇင်ဘာ ၉ရက် နေ့လည်ပိုင်းမှာ လေယာဉ်နဲ့ ဗုံး သုံးကြိမ် ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဆဒုံးမြို့ ဂိတ်နေရာကို လေကြောင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဆောက်အဦးတွေ ပျက်စီးမှုရှိခဲ့ကြောင်း အသိပေးပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုရှိမရှိ ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KIA သိမ်းပိုက်ထားတဲ့ ဆဒုံးမြို့ကို စစ်ကောင်စီက စက်တင်ဘာ ၂၉ရက်မှာ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် အပါအဝင် ပြည်သူ ၈ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ရက်ကလည်း ဆဒုံးမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်ပျက်စီးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ချင်းညီနောင်အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ကန်ပက်လက်ထိန်းချုပ်ရာ ကန်ပက်လက်မြို့ကိုလည်း ဒီလအတွင်း လေကြောင်းတိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့လို့ နေအိမ်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

အဲဒီလို လေကြောင်းတိုက်ခိုက်ခဲ့လို့ လေကြောင်း တိုက်ခိုက်ခံရတဲ့ ကျေးရွာနေ ပြည်သူတွေ ဘေးလွတ်ရာ တောတောင်များသို့ အရေးပေါ် ရှောင်တိမ်းနေကြရရပြီး စားနပ်ရိက္ခာ အခက်အခဲ ဖြစ်ပေါ်လျက်ရှိတယ်လို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက ဒီကနေ့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ရာ ဒေသတွေကို လေကြောင်း စစ်ဆင်ရေးတွေ ဆက်တိုက်ပြုလုပ်နေလို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ မြင့်တက်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook