Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်ဆွဲနှုတ်ဆက်ရလွန်းလို့ ထရမ့်လက်မှာ ဒဏ်ရာရခဲ့တယ်လို့ဆို

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်က ပလာစတာဟာ လက်ဆွဲနှုတ်ဆက်ရလွန်းတဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ လက်က ပလာစတာဟာ လက်ဆွဲနှုတ်ဆက်ရလွန်းတဲ့ ဒဏ်ရာတွေကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထရမ့်ဟာ ညာဖက်လက်မှာ ဆေးပလာစတာ ကပ်ထားတာကို တွေ့မြင်ခဲ့ရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ သမ္မတမှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေသလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အိမ်ဖြူတော်ကတော့ လက်ဆွဲနှုတ်ဆက်ရတာတွေ များလို့ဆိုပြီး ဖြေရှင်းခဲ့ပါတယ်။

အသက် ၇၉ နှစ်အရွယ် သမ္မတဟာ ပြီးခဲ့တဲ့ လပိုင်းတုန်းက ညာဖက်လက်မှာ မိတ်ကပ်ခပ်ထူထူ ဖို့ထားတာမျိုး တွေ့ခဲ့ရဖူးပြီး အဲဒီတုန်းက အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလိုင်း လီယာဗစ်က လက်ဆွဲ နှုတ်ဆက်ရလွန်းလို့ ထရမ့်ရဲ့လက်မှာ ဒဏ်ရာဖြစ်နေခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

အခုတစ်ခါ ပလာစတာ ကပ်ထားရတာကလည်း တူညီတဲ့ အကြောင်းရင်းကြောင့်လို့ လီယာဗစ်က ဆိုပါတယ်။ သမ္မတရဲ့ လက်က ပလာစတာအကြောင်းကို အရင်ကလည်း ရှင်းပြခဲ့ပြီး ဖြစ်ကြောင်း၊ ပြီးခဲ့တဲ့ ကာလတွေမှာ သမ္မတဟာ တချိန်လုံး လက်ဆွဲနှုတ်ဆက်တာတွေ လုပ်နေခဲ့ရလို့ဖြစ်ကြောင်း သူက ဒီဇင်ဘာ ၁၁ ရက်နေ့က သတင်းထောက်တွေရဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး တုံ့ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ အက်စပရင် ဆေးဝါးကိုလည်း နေ့တိုင်းမှီဝဲနေရသလို ကျန်းမာရေး စစ်ချက်တွေလည်း ခံယူတာတွေ ရှိခဲ့ကြောင်း၊ ဒါတွေကလည်း တစ်ခါတလေ အရေပြားမှာ အမာရွတ်ထင်စေတာမျိုး ရှိနိုင်ကြောင်း လီယာဗစ်က ပြောကြားသွားပါတယ်။

ထရမ့်ဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး ရွေးကောက်ပွဲ အနိုင်ရ သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ ပြိုင်ဘက်ဖြစ်ခဲ့သူ သမ္မတဟောင်း ဂျိုးဘိုင်ဒန် လက်ထက်တုန်းက ဘိုင်ဒန်ရဲ့ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေတွေအပေါ် ပစ်မှတ်ထား ထိုးနှက်ခဲ့ဖူးပေမယ့် လက်ရှိ သူတာဝန်ယူ အုပ်ချုပ်နေချိန်မှာတော့ သူ့ရဲ့ ကျန်းမာရေးနဲ့ ကြံ့ခိုင်မှုအပေါ် သံသယတိုင်းကို အပြင်းအထန် ခုခံ ပယ်ချနေခဲ့ပါတယ်။

အခုသီတင်းပတ် အစောပိုင်းတုန်းကလည်း ထရမ့်ဟာ သူကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ သူ့ကျန်းမာရေးနဲ့ ပတ်သက်လို့ စာအရှည်ကြီးရေးပြီး ဖြေရှင်းချက်တွေ ထုတ်ခဲ့ပါတယ်။ သူ့ကျန်းမာရေး ကိစ္စကို စိတ်ဝင်တစား နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းနေတဲ့ သတင်းဌာနတွေဟာ ဆူပူမှုကို လှုံ့ဆော်ချင်နေကြတာ၊ ဒါမှမဟုတ် နိုင်ငံကို သစ္စာဖောက်ချင်နေတာလို့တောင် ထရမ့်က စွပ်စွဲခဲ့ပါတယ်။

အောက်တိုဘာလတုန်းက ထရမ့်ဟာ MRI Scan ဖတ်တာ အပါအဝင် ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူခဲ့ပြီး ရလဒ်တွေအရ သမ္မတရဲ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်အဆင့်လို့ ဆရာဝန်တွေက ပြောကြားဖူးပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။