Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူကို အီရန် ဖမ်းဆီး

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂက်စ် မိုဟမ်မာဒီဟာ အီရန် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရကြောင်း သိရပါတယ်။

ဓာတ်ပုံ - Narges Mohammadi Foundation

နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူ နာဂက်စ် မိုဟမ်မာဒီဟာ အီရန် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရကြောင်း သိရပါတယ်။

အသက် ၅၃ နှစ်အရွယ် မိုဟမ်မာဒီ ထူထောင်ထားတဲ့ နာဂက်စ် ဖောင်ဒေးရှင်းက သူအဖမ်းခံရတဲ့ အကြောင်းကို ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ မိုဟမ်မာဒီဟာ တခြား နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တချို့နဲ့အတူ နိုင်ငံ အရှေ့ပိုင်းက မက်ရှက်ဒ်မြို့မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဘယ်လ်ဆု ရွေးချယ်ရေး ကော်မတီက မိုဟမ်မာဒီကို အကြမ်းနည်းနဲ့ ဖမ်းဆီးခဲ့တဲ့ သတင်းကို ကြားရတဲ့အတွက် အထူးတလည် စိုးရိမ်ကြောင်း ထုတ်ပြန်ပါတယ်။ ပြီးတော့ မိုဟမ်မာဒီ ဘယ်မှာ ရှိနေသလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း အသိပေးဖို့၊ သူ့ရဲ့ လုံခြုံရေးနဲ့ ဂုဏ်သိက္ခာကို အာမခံဖို့၊ သူ့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း ကော်မတီက အီရန် အစိုးရကို ကော်မတီက တောင်းဆိုခဲ့ပါတယ်။

မိုဟမ်မာဒီဟာ အီရန်မှာ အမျိုးသမီးတွေအပေါ် ဖိနှိပ်နေတာတွေကို ဆန့်ကျင်တဲ့၊ လူ့အခွင့်အရေးကို အားပေးမြှင့်တင်တဲ့ လှုပ်ရှားမှုတွေကြောင့် ၂၀၂၃ ခုနှစ်မှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရရှိခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိုဟမ်မာဒီဟာ ၂၀၂၁ ခုနှစ် ကတည်းက တဟီရန်မြို့မှာရှိတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အီဗင် ထောင်ကြီးထဲမှာ ချုပ်နှောင် ခံထးရပါတယ်။ သူဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက ဆေးကုသမှု ခံယူဖို့ဆိုပြီး ထောင်ကနေ ယာယီ ပြန်လွတ်လာခဲ့ပါတယ်။

မိုဟမ်မာဒီကို အကြမ်းပတမ်း ဖမ်းဆီးခဲ့ရတာဟာ ကွယ်လွန်သူ ရှေ့နေတစ်ဦးဖြစ်တဲ့ ခေါ့စရို အလီကော်ဒီအတွက် အောက်မေ့မှု အခမ်းအနားကို တက်ရောက်ချိန်မှာ ဖြစ်ပါတယ်။ အလီကော်ဒီဟာ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက သူ့ရုံးခန်းထဲမှာ ပဟေဠိဆန်ဆန် သေဆုံးနေခဲ့တာ ဖြစ်ပါတယ်။

အလီကော်ဒီ သေဆုံးမှုအတွက် ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းစစ်ဆေးမှု ရလဒ်တွေ ထုတ်ပြန်ပေးဖို့လည်း နော်ဝေးနိုင်ငံ အခြေစိုက် အီရန် လူ့အခွင့်အရေး အဖွဲ့က တောင်းဆိုထားပါတယ်။ သေမှုသေခင်း ဖြစ်ရပ်မှာ မသင်္ကာစရာတွေ အများကြီးကို တွေ့နေရတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

အဲဒီနာရေးမှာ အာဏာရှင် ကျဆုံးစေဖို့၊ အီရန်နိုင်ငံ တည်တံ့စေဖို့ ကြွေးကြော်တာတွေ ရှိခဲ့တဲ့နောက် လုံခြုံရေး အာဏာပိုင်တွေက မိုဟမ်မာဒီနဲ့ တခြားနိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက သူ့ဇနီးကို အကြမ်းပတမ်း ဖမ်းဆီးခဲ့ကြောင်း၊ အလီကော်ဒီရဲ့ ညီတစ်ယောက်က အဲဒီမြင်ကွင်းကို ကိုယ်တိုင်တွေ့ခဲ့ကြောင်း မိုဟမ်မာဒီရဲ့ ခင်ပွန်းဖြစ်သူ တာဂီ ရာမာနီက ပြောပါတယ်။

နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို လက်ခံရရှိပြီးတဲ့နောက်ပိုင်း အီရန်အစိုးရ အာဏာပိုင်တွေက သူ့ဆီကို ရှေ့နေတွေကနေတဆင့် ဆက်သွယ်ပြီး အမျိုးမျိုး ခြိမ်းခြောက် သတိပေးတာတွေလည်း ကြုံခဲ့ဖူးကြောင်း ကော်မတီဆီကို မိုဟမ်မာဒီက အကြောင်းကြားခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လက်ဘနွန်မှာ အစ္စရေးက တိုက်ခိုက်မှုတွေ မရပ်တဲ့အတွက် ဟောမုဇ် ရေလက်ကြားကို ပြန်ပိတ်လိုက်ကြောင်း အီရန်စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။