Connect with us

Hi, what are you looking for?

News

ထီးချိုင့်မြို့နယ်တရားသူကြီးကို အနေအထိုင်ဆင်ခြင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတိပေး

အသက် ၃၀ ဝန်းကျင်အရွယ်​ဒေါ်မို့မို့​အေးသည် အမှုအခင်းများ အမိန့်ချရာတွင် လာဘ်စားသည်ဟု ထီးချိုင့်မြို့တွင် မူလကပင် နာမည်ကြီး​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ထီးချိုင့်မြို့နယ် မြို့နယ်တရားသူကြီး ဒေါ်မို့မို့အေး
အ​​​နေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ တရားရေးထောက်တိုင်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်းနေပါက ပုန်းနေသည့် နေရာအထိလိုက်လံအပြစ်ပေးမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယ​နေ့ သတိပေးချက်ထုတ်ပြန်သည်။

ဒေါ်မို့မို့အေးသည် အမှုများကို လာဘ်ငွေများယူ၍ အမိန့်ချခြင်း ၊မတရားသဖြင့် ဖမ်းဆီးခံရသူများကို အမိန့်ချခြင်း၊အမှုသည်များကို ခြိမ်းခြောက် အကြပ်ကိုင်ငွေညှစ်ခြင်း ၊စစ်ကောင်စီ တရားရေးထောက်တိုင်အဖြစ် ယခုထိ တာဝန်ထမ်းဆောင်နေခြင်းတို့ကို သိရှိထားသည်ဟု Tigyaing Revolution – TRက ယနေ့(ဒီဇင်ဘာ ၃ ရက်)ညတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အထက်ပါလုပ်ရပ်များ ဆက်လုပ်နေပါက အပြစ်ပေး အရေးယူသွားမည်ဖြစ်ပြီး မလိုက်နာပါကပုန်းရှောင်နေရာ အထိရှာဖွေ အပြစ်ပေးမည်ဖြစ်ကြောင်း သတိပေး ထားသည်။

အသက် ၃၀ ဝန်းကျင်အရွယ်​ဒေါ်မို့မို့​အေးသည် အမှုအခင်းများ အမိန့်ချရာတွင် လာဘ်စားသည်ဟု ထီးချိုင့်မြို့တွင် မူလကပင် နာမည်ကြီး​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“သူက ထီးချိုင့်ကိုစရောက်ကတည်းက တရားခွင်မှာ လုပ်စား(လာဘ်စားတယ်)လို့ နာမည်ကြီးတယ်” ဟု အလုပ်သမားရေးဆောင်ရွက်သည့် ဒေသခံတစ်ဦးကပြောသည်။

ဒေါ်မို့မို့အေးသည် ထီးချိုင့်မြို့တွင် တာဝန်ကျသည်မှာ တစ် နှစ်ခန့်ရှိပြီဖြစ်ပြီး စစ်ကောင်စီက နိုင်ငံရေးပုဒ်မဖြင့် ဖမ်းဆီးခဲ့သူအချို့ကို ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ထီးချိုင့်မြို့တွင် စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ မကြာခဏ အသတ်ခံရပြီးနောက် ဒေါ်မို့မို့အေးသည် ဌာနက​ပေးထား​သောအိမ်ယာတွင်မနေ​တော့ဘဲ နေရာ ရွှေ့ပြောင်းနေထိုင်နေသည်။ယင်းကဲ့သို့ နေရာပြောင်းရွှေ့တိမ်းရှောင်နေသည်ကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိရှိထားသည်ဟုသိ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ