Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်အရှေ့ခြမ်း လေကြောင်းတိုက်ခံရမှု ကလေးငယ်အပါအဝင် စစ်ရှောင် ၇ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ၇ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဒီဇင်ဘာ-၂၄၊၂၀၂၅၊ရှိန်း/ People’s Spring

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အရှေ့ခြမ်းက ငါးပတ်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ကလေးငယ်တွေအပါအဝင် ၇ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ရက် မနေ့က ညနေ၄နာရီခွဲခန့်မှာ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုမှာ (၈၀)အရွယ်၊ ဒေါ်သန်းမြ၊ (၇၅)နှစ်အရွယ် ဒေါ်ကျင်၊(၂၅)နှစ်အရွယ် ကိုမင်းသန့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၃၅)နှစ်အရွယ် ဒေါ်မာသွယ်နဲ့ (၇)နှစ်အရွယ်သမီးငယ်၊ဒေါ်မာသွယ်၏မိခင် အသက်(၈၀)ကျော်အရွယ် ဒေါ်ခင်တင့်၊အသက်(၁၄)နှစ်အရွယ် စစ်ဘေး ရှောင်ကလေးငယ်တဦးတို့ထပ်တိုး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒေသခံ တွေလည်းပါတယ်။မတ္တရာမြို့နယ်က နေ စစ်ဘေး လာရှောင် နေတဲ့ ပြည်သူ တွေလည်း သေတဲ့အထဲပါတယ်လို့ သိရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ငါးပတ်ချောင်းကျေးရွာဟာ ဧရာဝတီမြစ်ကမ်းအနီးမှာရှိပြီး စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ တွေသွားလာနေတဲ့ ဆိပ်ကမ်းတွေကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခု ဒီဇင်ဘာအတွင်း စစ်ကောင်စီက ဝက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခံရမှုမှာ ပြည်သူ ၂၀ ခန့်သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ခြမ်းမှာ မူးမြစ်ရေထပ်တက်လာလို့ အရေးပေါ် အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။