Connect with us

Hi, what are you looking for?

သတင်း

မြောင် – ပရိမ္မလမ်းပေါ်မှာ စစ်တပ်ရဲ့ရွေးကောက်ပွဲဆန့်ကျင်ရေး ဆိုင်းဘုတ်စိုက်ထူ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်-ပရိမ္မ လမ်းမပေါ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာဆိုင်းဘုတ်တွေကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ ခရိုင်၊ မြို့နယ် ပသုံးလုံးတာဝန်ခံတွေက ပူးပေါင်းပြီးစိုက်ထူခဲ့ပါတယ်။

ဓာတ်ပုံ - GSCB

ဒီဇင်ဘာ-၂၅၊ ၂၀၂၅/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မြောင်-ပရိမ္မ လမ်းမပေါ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေး ပိုစတာဆိုင်းဘုတ်တွေကို မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနဲ့ ခရိုင်၊ မြို့နယ် ပသုံးလုံးတာဝန်ခံတွေက ပူးပေါင်းပြီးစိုက်ထူခဲ့ပါတယ်။

ပြည်သူလူထုအနေနဲ့ ဆန့်ကျင်ကြဖို့၊ မပူးပေါင်းကြဖို့၊ နိုင်ငံသားအခွင့်အရေးတွေကို တန်ဖိုးထားကာကွယ်ကြဖို့ လှုံ့ဆော်မှုအနေနဲ့ စိုက်ထူခဲ့တာဖြစ်ကြောင်း မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက အသိပေးပါတယ်။

“လူထုကို ဖိနှိပ်၊ နိုင်ငံကို ဖျက်စီးနေတဲ့ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံကို အုပ်ချုပ်ဖို့ အခွင့်အာဏာမရှိပါဘူး။ ရွေးကောက်ပွဲကျင်းပဖို့လည်း အခွင့်အာဏာမရှိပါဘူး။ အတုအယောင်ရွေးကောက်ပွဲလုပ်၊ ပြည်သူတွေကို အတင်းအကြပ် ခြိမ်းခြောက်ပြီး မဲထည့်ခိုင်း၊ ဒီလို လုပ်ရုံနဲ့ တရားဝင်အစိုးရမဖြစ်ပါဘူး။ သိုးရေခြုံတဲ့ ဝံပုလွေလို အတုအယောင်သာဖြစ်ပါတယ်။”လို့ မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထပ်မံအသိပေးပါတယ်။

Public Service Announcement

Public Service Announcement

လူထုအာဏာကို မတရားလုယူထားတဲ့ စစ်တပ်ဟာ ပြည်သူတွေရဲ့ အုံကြွတော်လှန်မှုကြောင့် ပြိုလဲလုနီးပါးအခြေအနေကို ရောက်နေပြီး အသက်ဆက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ကြောင်း မြောင်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၁ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဆီယံထိပ်သီးညီလာခံကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်ရဖို့ မသေချာ

အတွေးအမြင်

သုံးကြိမ်တိုင်တိုင် အသုတ်ခွဲပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ပြီးဆုံးသွားခဲ့ပါပြီ။ မကြာခင်ရက်ပိုင်းအတွင်းမှာ စစ်တပ်ကလွှတ်တော်အသီးသီးကို ကျင်းပတော့မှာဖြစ်ပြီး၊ ဆက်တိုက်ဆိုသလိုပဲစစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းကာစစ်တပ်ကပဲအ​ပေါ်ယံ​ပြောင်းထားတဲ့ ဟန်ပြအစိုးရသစ်တစ်ရပ် ဖွဲ့စည်းတော့မှာ ဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးနဲ့မြောင်မြို့နယ်တွေမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ သားအဖ ၂ဦးသေဆုံးပြီး ၇ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။