Connect with us

Hi, what are you looking for?

သတင်း

မြောင်က တရားစခန်းလေကြောင်းတိုက်ခိုက်မှု သေဆုံးသူ ၁ဦးထပ်တိုး၊ ၁၆ ဦးအထိ ရှိလာ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

(ဆွဲလွဲအိုရွာတရားစခန်းအား လေကြောင်းတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးများအား တွေ့ရစဥ်။ ဓါတ်ပုံ-ကိုနွေဦး-မြောင်)

သြဂုတ် ၃၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သြဂုတ် ၂၁ရက် ဥပုသ်နေ့ မနက် ၉ နာရီခွဲခန့်က ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းမှာဖွင့်ထားတဲ့ တရားစခန်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၁ ဦးနဲ့ အမျိုးသမီး ၃ဦး၊ ပေါင်း ၁၄ ဦး သေဆုံးပြီး ၂၈ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ သြဂုတ် ၂၃ ရက်မှာ အမျိုးသမီး ၁ဦးထပ်မံသေဆုံးလို့ သေဆုံးသူ ၁၅ ဦးအထိ ရှိခဲ့ပါတယ်။

သြဂုတ် ၂၉ ရက်မှာတော့ ဒဏ်ရာရထားတဲ့ လူငယ်အမျိုးသား ၁ဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ထပ်မံသေဆုံးတာက အသက် ၂၁ နှစ်လောက်ရှိတဲ့ အမျိုးသားပါ။ သူကမှန်ကတည်းက ဗိုက်ပွင့်သွားတာ။ အူဖြတ်ဆက်ထားရာကနေပြီး​တော့ အသက်ဆုံးရှုံးသွားတာ”လို့ ဒေသခံက ပြောပါတယ်။

ဒါ့အပြင် ကျန်တဲ့ ဒဏ်ရာရသူ ၂၆ ခန့်ကလည်း ယနေ့အထိ ဆက်လက်ဆေးကုသနေရဆဲဖြစ်ကြောင်း သိရပါတယ်။

လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာ တရားစခန်းဝင်နေကြတဲ့ သက်ကြီးရွယ်အို ယောဂီတွေအများဆုံးသေဆုံးခဲ့ပြီး မြောင်နယ်ရွာအစုံက လူကြီးတွေ အသက် ၅၀ ကျော်ကနေ ၈၀ ဝန်းကျင်အထိ ပါတယ်လို့ သိရပါတယ်။

ဆွဲလွဲအိုရွာဘုန်းကြီးကျောင်းက တရားစခန်းဟာ ၂၀၁၅ ကတည်းက ဖွင့်လာခဲ့တာဖြစ်ပြီး ၂၀၂၀ ကိုဗစ်ကာလမှာ ရပ်နားခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်အတန်ကြာ ရပ်နားခဲ့ရာမှာ မနှစ်က ၂၀၂၅ မှာတော့ တရားစခန်းတွေ ပြန်ဖွင့်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသ အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားတဲ့ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာ လေကြောင်းတိုက်ခိုက်မှုမှာ အသက် တစ်နှစ်ခွဲကလေးငယ်ကနေ အသက် ၈၀ အရွယ် အဘွားအိုအထိ ပါဝင်ပြီး သေဆုံးခဲ့သူ ၁၂ ဦးရဲ့ အချက်အလက်တွေကို ရေစကြိုသတင်းအချက်အလက်ကော်မတီက ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ကရင်နီပြည်မှာအာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ပြီးခဲ့တဲ့နှစ်လတာအတွင်းအရပ်သားပြည်သူ ၂၀ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့( KNDF) ကအောက်တိုဘာလ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။